Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 August 2013

ရှစ်လေးလုံးငွေရတု ဂုဏ်ပြု လမ်လျှောက်သူများအား မြို့နယ်ခြောက်ခုက ပုဒ်မ ၁၈ ဖြင့် အရေးယူထား

 ရန်ကုန် ၊ သြဂုတ် - ၈ ။        ။၂၅နှစ်မြောက် ရှစ်လေးလုံးငွေရတုဂုဏ်ပြုလမ်း လျှောက်ပွဲတွင် ပါဝင်လမ်းလျှောက် ခဲ့သူများကို ဖြတ်သန်းရာလမ်း တစ်လျှောက်ရှိမြို့နယ် ခြောက်ခု မှ ပုဒ်မ ၁၈ဖြင့် အရေးယူထား ကြောင်း သိရသည်။  ယနေ့ နံနက် ၉နာရီတွင် စမ်းချောင်းမြို့နယ်၊ ဟံသာဝတီ အဝိုင်းအနီးမှ လူဦးရေ ၅ဝခန့်မှ စတင်ပြီး ရှစ်လေးလုံးဒီမိုကရေစီ အရေးအခင်းငွေရတု(၂၅)နှစ် အထိမ်းအမှတ်လမ်းလျှောက်မှု ကိုစတင်ခဲ့ရာ လမ်းလျှောက်သူ များဖြတ်သန်းခဲ့သည့် စမ်းချောင်း မြို့နယ်၊ ဒဂုံမြို့နယ်၊ လမ်းမတော် မြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲ တန်းမြို့နယ်နှင့် ကျောက်တံတား မြို့နယ်များမှ မြို့နယ်ရဲမှူးများ က မြို့နယ်အလိုက် တားမြစ်မှု များပြုလုပ်ခဲ့သည်ကိုတွေ့ရပြီး ခွင့်ပြုချက်ရယူခြင်းမရှိသဖြင့် စီ တန်းလှည့် လည် ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ဖြင့် အရေးယူခြင်းဖြစ်ကြောင်း သိရသည်။

''၈၈အရေးအခင်းက လမ်း ပေါ်မှာ စပြီးလမ်းပေါ်မှာ ဆုံး တယ်။ အဲဒီအတွက် အခုလို လမ်း လျှောက်ဂုဏ်ပြုတယ်။ ဒါကို ခွင့် ပြုချက်မယူလို့ဆိုပြီး အရေးယူ တာကို ကျွန်တော်တို့လက်ခံ တယ်။ ကျွန်တော်တို့ဥပဒေကို ချိုး ဖောက်လို့ အရေးယူ ခံရတာ လက်ခံတယ်။ အခုလို ဥပဒေအ တိုင်း ကျွန်တော်တို့ကိုအရေးယူ သလို အခြားဥပဒေအတိုင်းအ ရေးယူပေးရမယ့်အကြောင်းတွေ ကျရင်လဲ ဒါမျိုးပဲဖြစ်စေချင် တယ်''ဟု ယနေ့လမ်းလျှောက်ပွဲ တွင် ပါဝင်ခဲ့သူဦးဝင်းချိုက ပြော ကြား သည်။

''ခွင့်ပြုမိန့်က ပွဲတစ်ခုကို ဦးဆောင်လုပ်သူရှိမှ တင်လို့ရ တာ။ အခုလမ်းလျှောက်ပွဲက ကိုယ့်သဘောနဲ့ ကိုယ်လျှောက် ကြတာဦးဆောင်သူမရှိဘူး။ ဒါ ကြောင့် ခွင့်ပြုမိန့်မတင်ခဲ့တာ''ဟု ယင်းက ဆက်လက်ပြောသည်။
လမ်းလျှောက် ခဲ့သည့် နိုင်ငံ ရေးအကျဉ်းသားဟောင်းများ အင်အားစုမှဒေါ်ဖြူဖြူက ''အခု လက်ရှိတော့ မြို့နယ်သုံးမြို့နယ် ကတော့လာပြီး စစ်ဆေးပြီးပါပြီ။ ကျန်မြို့နယ်တွေတော့ ကျန်ပါ သေးတယ်။ စိတ်တူကိုယ်တူခံစား တဲ့လူတွေ အားလုံး ထွက်လာတာ ဖြစ်တဲ့အတွက် တရားစွဲခံရလဲ ကျေနပ်ပါတယ်''ဟု ပြောသည်။

ယနေ့နံနက် ရှစ်လေးလုံး ငွေရတုဂုဏ်ပြုလမ်းလျှောက်ပွဲ ကို စမ်းချောင်မြို့နယ်မှ ၉နာရီ ထွက်ခွာချိန်တွင် လူဦးရေ ၅၀ ခန့်သာရှိသော်လည်း ဒဂုံမြို့နယ် အရောက်တွင် လူဦးရေ ၂၀၀ နီးပါးဖြစ်ခဲ့ကာ မြို့တွင်းမြို့နယ် များဖြစ်သည့် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းမြို့နယ်များကို ဖြတ် သန်းချိန်တွင် ပါဝင်လမ်းလျှောက် သူများသည် အနော်ရထာလမ်း ရောက်သည်အထိ များပြားလာ ခဲ့ကြောင်းတွေ့ရပြီး သက်ဆိုင်ရဲ တပ်ဖွဲ့များကလည်း  မြို့နယ်အ လိုက် တားဆီး စစ်ဆေးမှု များ ပြု လုပ်ခဲ့သည်။

အဆိုပါလမ်းလျှောက်ပွဲ ကို နံနက် ၁ဝနာရီ ၃ဝမိနစ် ရန် ကုန်မြို့တော်ခန်းမရှေ့အရောက် တွင်ရပ်နားခဲ့ပြီး ယခုလမ်းလျှောက် မှုတွင်ပါဝင်သူများကို ကျောက် တံတားရဲစခန်းတွင် ခေါ်ယူတွေ့ ဆုံစစ်ဆေးခဲ့ကြောင်း သိရသည်။ ''အခုကျောက်တံတား၊ ပန်း ဘဲတန်း၊ လသာနဲ့လမ်းမတော် လေးခုက အမှုဖွင့်ပြီးသွားပြီး စမ်းချောင်းနဲ့ ဒဂုံကလဲ အမှုဖွင့် ဖို့ပြောထားတယ်။ အခုတော့ မဖွင့် ရသေးဘူး''ဟု ဦးဝင်းချိုက မနက် ပိုင်းအခြေအနေကို ပြောသည်။ ယင်းနှင့်ပတ်သက်၍ စမ်း ချောင်းမြို့နယ်ရဲစခန်းမှ တာဝန် ရှိသူရဲအရာရှိကြီးတစ်ဦးက ''ကျွန် တော်တို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ခွင့်ပြုမိန့်ရှိမရှိ တားပြီး မေးမြန်း တာဖြစ်ပါတယ်။ လုပ်ချင်တိုင်း လုပ်လို့တော့ မရပါဘူး။ ဥပဒေနဲ့ အညီလုပ်ဖို့ လိုပါတယ်။ ကျွန် တော်တို့အနေနဲ့ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်မှာဖြစ်ပါ တယ်''ဟု ပြောသည်။

ယခုကဲ့သို့ ရှစ်လေးလုံး အ ထိမ်းအမှတ် လမ်းလျှောက်ပွဲတွင် မြို့နယ်အာဏာပိုင်များမှ အဆင့် ဆင့်တားမြစ်မှုများကို မြန်မာ နိုင်ငံသတင်းစာကောင်စီ(ယာယီ) မှ ခေတ်ဟောင်းသတင်းစာဆရာ ကြီး ဖိုးသောကြာ (ခေတ်+မိုး) က ''ဒီမနက် လမ်းလျှောက် တဲ့ သူ တွေကို မြို့နယ်အလိုက် သက် ဆိုင်ရာက တားနေတာ တွေ့ တယ်။ ရဲက သူ့တာဝန်သူလုပ် ပေမယ့် ဒီလိုဖြစ်ရပ်တွေက အခု ချိန်မှာ မရှိသင့်တော့ဘူး။ ဒါက အရင်အခင်းအကျင်းတွေ မ ပျောက်သေးဘူးဆိုတာကို ပြနေ တယ်''ဟု ရဲတပ်ဖွဲ့ဝင်များ တား မြစ်မှုအပေါ်တွင် သုံးသပ်သည်။

ကျော်ဇေယျ ၊ ခင်ဇာခြည်လှိုင်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့