Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 7 August 2013

ရွှေတူးဖော်လုပ်ငန်းရှင်များ ကြွေးကျန်ရွှေ ပြန်ပေးရမည်ဟု သတ္တုတွင်းဝန်ကြီး ပြော

ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခု၏ လုပ်ငန်းခွင် ရွှေတူဖော်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ပေးသွင်းရန် ပျက်ကွက်ခဲ့သည့်ရွှေလုပ်ငန်းရှင်များသည် သတ္တုတွင်းဝန်ကြီးဌာနသို့ ပြန်လည်ပေးဆောင်ရမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်း အဝေးတွင် ပြောသည်။

“သတ္တုတွင်းဝန်ကြီးဌာနက ပြဋ္ဌာန်ထားတဲ့ ဥပဒေနဲ့ နည်းဥပဒေအတိုင်း ပြန်လည်ပေးဆောင်ရမှာပါ”ဟု ၀န်ကြီးဒေါက်တာမြင့်အောင် ဆက်လက်ပြောသည်။

လုပ်ငန်းရှင်များသည် လုပ်ငန်းလုပ်ကိုင်ရာတွင် သတ္တုဝန်ကြီးဌာနသို့ ၃၀ ရာခိုင်နှုန်း ပေးဆောင်နေရပြီး တူးဖော်ရာတွင်လည်း မိမိဘာသာ စရိတ်ခံရကြောင်း၊ ထို့အပြင် ကုန်သွယ်ခွန်လည်းပေးဆောင်ရသောကြောင့် တချို့သော လုပ်ငန်းရှင်းလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရကြောင်း ထို့ကြောင့် လုပ်ငန်းရှင်များကို အကြွေးလျော်ပေးရန် အစီအစဉ်ရှိမရှိ လွှတ်တော်ကိုယ်စားလှယ် လေးဦးက မေးမြန်ခဲ့ကြခြင်းကို ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ရွှေလုပ်ငန်းများ လုပ်ကိုင်ကျသောလုပ်ငန်းများ အများစုသည် ၀န်ကြီးဌာနက ပြဋ္ဌာန်းထားသော စည်းမျဉ်း စည်းကမ်းများကိုလည်း မလိုက်နာဘဲ မြေတူးစက်များနှင့် မြေကော်စက်များကို အသုံးပြုကြကြောင်းခဲ့ကြောင်း ယခင်သတ္တုတွင်းဝန်ကြီး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်က ဆိုသည်။

ရွှေတူးဖော်ရေးလုပ်ငန်းရှင်များက ပေးရန်မှာ ရွှေပိသာ ၃၃၉ ပိသာရှိနေသည်ဟုလည်း ၀န်ကြီးက ပြောသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့