Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 August 2013

ချစ်သူနှင့်အတူ တစ်ပြည်တစ်ရွာ လိုက်လာခဲ့သည့် မလေးသူလေး တရားမ၀င်မှု ဖြင့် အရေးယူခံရ

 ပဲခူးတိုင်း ဒေသကြီး ၊ ဖြူးမြို့ ၊ မြို့မ ရဲစခန်း တောင်ဘက် ၃ မိုင်ခန့် ညောင်ကားယား ကျေးရွာအုပ်စု သင်္ကန်းမြောင်ရွာ တွင် မလေးရှား နိုင်ငံသူ တစ်ဦး တရားမ၀င် ရောက်ရှိ နေကြောင်း သြဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက သတင်း ပေးပို့ချက် အရ ဖြူးမြို့မ ရဲစခန်း မှ ပူးပေါင်းအဖွဲ့ သည် သတင်း ရရှိသည့် သင်္ကန်းမြောင် ကျေးရွာနေ နေဇာအောင် ၃၀ နှစ် (ဘ) ဦးဝင်းအောင် နေအိမ် ကို ၀င်ရောက် စစ်ဆေးရာ နေဇာအောင် မှာ မလေးရှား နိုင်ငံ ၊ ဘလက်ကောင်းမြို့ စဥ့်ကိုင်လောင် ရပ်ကွက် SKY စားသောက်ဆိုင် မှ မလေးရှား နိုင်ငံသူ မအရန်း ၃၂ နှစ် (ဘ) Mr. Bustamj နှင့်အတူ စစ်ဆေး တွေ့ရှိခဲ့သည်။

၎င်းတို့ ၂ ဦးအား ဖြူးမြို့မ ရဲစခန်း သို့ ခေါ်ယူ စစ်ဆေး ခဲ့ရာ နေဇာအောင် သည် မလေးရှား နိုင်ငံသို့ တရားမ၀င် ထွက်ခွာ သွားပြီး မြန်မာနိုင်ငံ သို့ တရားမ၀င် ပြန်လည် ၀င်ရောက် လာစဉ် မလေးသူ အား နိုင်ငံကူး လက်မှတ် ဗီဇာ အထောက်အထား မပါရှိဘဲ ခေါ်ဆောင် လာပြီး ဇူလိုင်လ ၁၅ ရက် မွန်းတည့် ၁၂ နာရီတွင် သင်္ကန်းမြောင်ရွာ သို့ ရောက်ရှိ နေထိုင်ခဲ့ကြောင်း စစ်ဆေး သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ နေဇာအောင် အား (ပ) ၃၀၂ / ၁၃ ၊ လ၀က ဥပဒေ ပုဒ်မ ၃(၂)/ ၁၃(ခ) / ၁၃(၅) ( တရားမ၀င် နိုင်ငံခြားသို့ ထွက်ခွာ၍ တရားမ၀င် ပြန်လည် ၀င်ရောက်ပြီး နိုင်ငံခြားသူ အား ခေါ်ဆောင် လာမှု ) နှင့် မအရန်းအား (ပ) ၃(၂) / ၁၃(ခ) / ၁၃(၅) ( တရားမ၀င် နိုင်ငံတွင်းသို့ ၀င်ရောက်မှု ) တို့ဖြင့် ဖြူးမြို့မ ရဲစခန်း မှ အရေးယူ စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့