Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 August 2013

ပြည်သူများ တိုင်ကြားချက်ကြောင့် ရထားဝန်ထမ်းများအား နှစ်စဉ် အရေးယူလျက်ရှိ

 ရထားစီး ခရီးသွား ပြည်သူများ၏ တိုင်ကြား ချက်များကြောင့် နှစ်စဉ် အရေးယူခံရသော ရထား ဝန်ထမ်းများပြားစွာရှိကြောင်းရထားပို့ဆောင်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမြင့်သိန်းက ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်း အဝေးတွင် ပြောသည်။

မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၏ နေ့စဉ်ပြေးဆွဲနေသော ရထား တွဲဆိုင်းများပေါ်ရှိ တွဲစောင့်များ ခန့်ထားခြင်း သည် ခရီးသွား ပြည်သူများအပေါ် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိမရှိနှင့် မီးရထား ရဲဝန်ထမ်း များ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ ကျော်လွန်ဆောင် ရွက်နေခြင်းအား မည်ကဲ့သို့ကြပ်မတ်
သွားမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

''မြန်မာ့မီးရထားအနေဖြင့် ရထားလမ်း တစ်လျှောက် ဖြန့်ကြက်ထားသောဘူတာဝန်ထမ်း များ၊ ရထားဝန်ထမ်းများ၊ ရထားလက်မှတ်စစ် များ၊ တွဲထိန်းများ၊ ရထားရဲက မိဘပြည်သူများ၊ ခရီးသွားများအပေါ် မမှန်မကန် ပြုလုပ်ပါက တိုင်ကြားနိုင်ကြောင်း၊ ဘူတာတိုင်းတွင် မြန်မာ့ မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဖုန်းနံပါတ် နှင့် တိုင်းအရာရှိများ၏ ဖုန်းနံပါတ်များကိုဖော်ပြ ထားခြင်းအပြင် ခရီးသည်များ မကျေနပ်ချက် ရှိပါက တိုင်ကြားနိုင်ရန် တိုင်ကြားချက်စာအုပ် ထားရှိဖွင့်လှစ်ပေးထားပါတယ်။ တိုင်ကြားမှုများ ကိုလဲ ထိထိရောက်ရောက် အရေးယူလျက်ရှိရာ နှစ်စဉ် အရေးယူခဲ့ရသည့် ဝန်ထမ်းများပြားစွာ ရှိပါ တယ်''ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်သိန်းက ပြန်လည်ဖြေကြား သည်။

ထိုသို့အရေးယူခဲ့ရာတွင် တွဲထိန်းများအရက် သေစာသောက်စားခြင်း၊ တွဲထိန်းများ တန်ဆာမဲ့ ပစ္စည်းများ သယ်ဆောင်ခြင်း၊ မကောင်းသော မိန်းမပျက်များကို တွဲထိန်းကခေါ်ယူလာခြင်း၊ အရေးပေါ်လိုအပ်သည့်အခါ တွဲထိန်းများခေါ်မရ ခြင်း၊ ရထားဝန်ထမ်းများက လက်မှတ်မဲ့ခရီး သည်များတင်ဆောင်ခြင်းများကိုတွေ့ရှိ၍အရေးယူ ခဲ့ရကြောင်း သိရသည်။

ရထားတွဲဆိုင်းများပေါ်တွင် ခန့်ထားသော တွဲစောင့်များ၏တာဝန်မှာ ခရီးသည်က အရေး ပေါ် ရထားရပ်စေလိုသောကိစ္စများ ဆောင်ရွက် ပေးနိုင်ရေး၊ ရထားပေါ်တွင် လုယက်မှုနှင့်ပစ္စည်း အလစ်ခိုးယူမှုများမှ ကာကွယ်ရန်ကိစ္စ၊ ခရီးသည် အချင်းချင်းရန်ဖြစ်ခြင်း၊ မူးယစ်ပြီးရိုက်နှက်ခြင်း ကိစ္စများအားထိန်းသိမ်းရန်၊ မကျန်းမာသောခရီး သည်အား စောင့်ရှောက်ရေး၊ တွဲများသန့်ရှင်းရေး၊ ခရီးသည်များအား အကူအညီပေးရေး၊ အခြား လိုအပ်သောစောင့်ရှောက်မှုများ ပြုလုပ်နိုင်ရေး၊ လက်မှတ်မဲ့၊တန်ဆာမဲ့ကိစ္စများအတွက်လက်မှတ် စစ်အား မှန်ကန်စွာအကူ အညီပေးရေးတို့ဖြစ်ပြီး ရထားရဲများကိုလည်း ခရီးသည်နှင့် ပစ္စည်းလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာများ ဆောင်ရွက် နိုင်ရန် လိုက်ပါစေခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့