Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 12 August 2013

အလုပ်ရှင်၊ အလုပ်သမား တောင်းဆိုချက်များ နှစ်ဖက်စလုံးတွင် ကျိုးကြောင်းဆီလျော်နေဟု ကော်မရှင်ဆို

 အလုပ်ရှင်၊ အလုပ်သမားအခွင့်အရေး ကာ ကွယ်စောင့်ရှောက်ရေး ကော်မရှင် မှ ကွင်းဆင်းလေ့လာတွေ့ရှိချက် အရ နှစ်ဖက်စလုံးတွင် ကျိုးကြောင်း ဆီလျော်သော တောင်းဆိုချက် များရှိဟု ကော်မရှင်က ပြောကြား လိုက်သည်။

အဆိုပါ လေ့လာတွေ့ရှိချက် များနှင့်ပတ်သက်၍ ကွင်းဆင်း ဆောင်ရွက်သူများက တွေ့ရှိချက် များကို ရေးချခြင်း၊ ဝေဖန်သုံးသပ် ခြင်းများပြုလုပ်ပြီးနောက် နောက် ဆုံးအကြံပြုချက်ကို ကော်မရှင် ဥက္ကဋ္ဌသို့တင်ပြီးဖြစ်ကြောင်း၊ ဆက် လက်၍ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်တောင်းဆိုချက်များနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ် တော်တွင် လွှတ်တော်အမတ်များ ဆွေးနွေးသွားမည်ဖြစ်သည်။

ယင်းလေ့လာချက်များနှင့် ပတ်သက်၍ ကော်မရှင်အဖွဲ့(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်က ''အန် တီတို့ လေ့လာကြည့်တဲ့အခါကျ တော့အလုပ်ရှင်တွေမှာလဲ အခက် အခဲတွေရှိတယ်။ အလုပ်သမား တွေမှာလဲ အခက်အခဲတွေရှိနေ တယ်။ ဒီတော့နှစ်ဖက်စလုံးမှာ ကျိုးကြောင်းဆီလျော်တဲ့ တောင်း ဆိုချက်တွေ၊ လိုအပ်ချက်တွေ ရှိ နေကြတာကြောင့် လေ့လာတွေ့ ရှိချက်တွေကို စာရင်းပြုစုပြီး ကော် မရှင်ဥက္ကဋ္ဌကိုတင်ထားပြီးပါပြီ။ တောင်းဆိုသွားဖို့ရှိပါတယ်''ဟု ရန်ကုန်မီဒီယာသို့ ပြောသည်။

အဖွဲ့(၂)တွင် ပါဝင်သော အ မျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ''အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက်စလုံးမှာ အ ခက်တွေ့နေတဲ့အရာတွေကို လေ့ လာပြီးဖြစ်တာကြောင့် ဒီတွေ့ရှိ ချက်တွေကို ပြည်ထောင်စုလွှတ် တော်တွင်းမှာ လွှတ်တော်အမတ် တွေအားလုံးဝိုင်းပြီးဆွေးနွေးမယ်'' ဟုပြောသည်။

အခက်အခဲများမှာ အလုပ် ရှင် အလုပ်သမား နှစ်ဖက်စလုံးတွင် တွေ့ခဲ့ရကြောင်း၊ ကော်မရှင်အနေ ဖြင့် အလုပ်သမားများဘက်မှမ ဟုတ်သကဲ့သို့ အလုပ်ရှင်များဘက် ကလည်း မဟုတ်ကြောင်း၊ အဓိက ကော်မရှင်ဖွဲ့စည်းရခြင်းမှာ အ လုပ်ရှင်၊ အလုပ်သမားနှစ်ဖက် ကြားတွင် လိုအပ်နေသော လိုအပ် ချက်တစ်ခုကို ဖြည့်ဆည်းပေးလို ခြင်းကြောင့်ဖြစ်ကြောင်း၊ နှစ်ဖက် ပဋိပက္ခများဆက်လက်ဖြစ်ပေါ် နေလျှင် ၂၀၁၅ (င်္ဗွှ-နျွ) အ တွက် ထိခိုက်လာနိုင်ကြောင်း ဆက် လက်ပြောသည်။

၈၈ အလုပ်သမားရေးရာ ဒုတိယတာဝန်ခံ ဒေါ်သက်သက် အောင်က ''အလုပ်ရှင်၊ အလုပ်သ မား ပဋိပက္ခတွေဟာ အမှန်တကယ် ကို လွှတ်တော်ကနေ ဥပဒေပြဋ္ဌာန်း သင့်တဲ့အရေးဖြစ်တဲ့အတွက် ကောင်းပါတယ်။ ဒါပေမဲ့လဲ အလုပ် သမားတွေရဲ့အသံလဲ များများပါဖို့ လိုအပ်ပါတယ်။ အစ်မသိထားရ သလောက်တော့ အလုပ်ရှင်တွေ နဲ့သာ တိုက်ရိုက်တွေ့ခဲ့ပြီး အလုပ် သမားတွေကိုတွေ့တာ နည်းနေ တယ်လို့သိရတယ်။ အလယ်မှာ ရပ်တည်တဲ့အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့အတွက် နှစ်ဖက်တိမ်းစောင်း လို့မဖြစ်ပါဘူး''ဟုပြောသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့