Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 August 2013

စစ်ကိုင်း ကောင်းမှုတော်ဘုရားတွင် လုံခြုံရေးကင်မရာ ၂၄ လုံး တပ်ဆင်မည်

 စစ်ကိုင်း ရာဇာမဏိစူဠာကောင်းမှု တော်ဘုရား ပရိဝုဏ်နေရာအနှံ့ လုံခြုံ ရေးစီစီတီဗီကင်မရာ ၂၄ လုံးတပ်ဆင် အသုံးပြုသွားမည်ဖြစ်ကြောင်း အဆိုပါ ဘုရားဂေါပကအဖွဲ့ထံမှ သတင်းရရှိ သည်။

သမိုင်းတန်ဖိုးရှိ ပစ္စည်းများ ပျောက်ဆုံးပျက်စီးမှု မရှိစေရန်၊ ဘုရား ဖူးပုဂ္ဂိုလ်များ ပိုမိုလုံခြုံမှုရှိစေရန်နှင့် ဗုဒ္ဓ ဂယာတွင်ဖြစ်ပွားခဲ့မှုများကို စိုးရိမ် သောကြောင့် ယခုကဲ့သို့လုံခြုံရေးတိုး မြှင့်ရခြင်းဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ဝင် ဦးခင်မောင်ဝင်းက ပြောသည်။

စီစီတီဗီများတပ်သော်လည်း အ ခြားလုံခြုံရေးအင်အား ထပ်တိုးရန်မ ရှိ ကြောင်း သိရသည်။

''လုံခြုံရေးကတော့ ညပိုင်းနေ့ပိုင်း အလှူငွေတွေ၊ ဘုရားနဲ့ပတ်သက် တဲ့ သာသနိကသမိုင်းဝင် ပစ္စည်းတွေကို မ ပျောက်ဆုံးအောင်နောက်ပြီး ဘုရားပေါ် မှာ အမှုအခင်းတွေမဖြစ်အောင်လို့ ဆောင်ရွက်တာပါ။ ဘုရားကိုလည်း နိုင်ငံခြားသားတွေလည်းလာတယ်။ ပြည်တွင်းကလည်း နိုင်ငံတော်အကြီးအ ကဲတွေ ဧည့်သည်တွေလာတဲ့အခါကျ တော့ ဗုဒ္ဓဂယာကဲ့သို့ အလားတူ ကိစ္စရပ်မပေါ်ပေါက်အောင် ဆောင်ရွက် သင့်တယ်လို့ ယူဆလို့လုပ်တာပါ''ဟု ဦး ခင်မောင်ဝင်းက ဆိုသည်။

ရာဇာမဏိစူဠာကောင်းမှုတော် ဘုရားသို့ ဝါတွင်းဝါဦးကာလများတွင် အဝင်အထွက်များပြားလေ့ရှိပြီး ဝါဆိုလ ပြည့်နောက်ပိုင်း ဘုရားဖူးနည်း ပါးလေ့ ရှိသည်။ ပုံမှန်ရက်များတွင် တစ်ရက် လျှင် ၂ဝဝ မှ ၅ဝဝ ကြားတွင် ဝင်ရောက် လေ့ရှိပြီးထူးခြားပွဲတော်ရက်များတွင် ထောင်ဂဏန်းခန့်ရှိနိုင်ကြောင်း ဘုရား ရင်ပြင်တော်ပေါ်တွင် ဈေးရောင်းချ သည့်ဈေးသည်များက ခန့်မှန်းပြောဆို သည်။

ရာဇာမဏိစူဠာကောင်းမှုတော် ဘုရားအား နှစ်စဉ်မိုးရာသီကုန်လျှင် ယခင်ထုံးသင်္ကန်းကပ်ထားစဉ်က တစ် နှစ်လျှင်တစ်ကြိမ်ခန့် ထုံးသင်္ကန်းပြန် လည်ကပ်ရလေ့ရှိပြီး ယခုအခါ ခြောက် နှစ်ခန့်ခံသော ဆေးဖြင့်ရွှေ သင်္ကန်းကပ် ထားသောကြောင့် အဆင်ပြေနေမှုများ ရှိသော်လည်း တချို့မှာဝေဖန်မှုများ ရှိခဲ့ ပြီး အများစုမှာ ရွှေသင်္ကန်းအားနှစ်သက် ကြကြောင်း ဂေါပကအဖွဲ့ဝင်ဦးခင်မောင် ဝင်းက ပြောသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့