Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 10 August 2013

ကမ္ဘာ့အကြီးဆုံး Phablet Sony Xperia Z Ultra ပြည်တွင်းတွင်ရောင်းအားကောင်းလျက်ရှိ


ကမ္ဘာ့အကြီးဆုံး Phablet Sony Xperia Z Ultra ပြည်တွင်းတွင်ရောင်းအားကောင်းလျက်ရှိ
=================================
ကမ္ဘာ့အကြီးဆုံး Phablet အဖြစ်တင်စားခံရသည့် Sony Xperia Z Ultra သည် ပြည်တွင်းမိုဘိုင်းဖုန်းဈေးကွက်တွင်ရောင်းအားကောင်းလျက်ရှိကြောင်းသိရသည်။
အဆိုပါ Sony Xperia Z Ultra ကိုစတင်ရောင်းချခဲ့သည့် ၂၀၁၃သြဂုတ်၂ရက်နေ့တွင်မနက်၉နာရီခွဲအချိန်တွင်အလုံးရေ၅၀ခန့်ကုန်ကျသွားကြောင်းသိရသည်။ Sony Xperia Z Ultra စတင်ရောင်းချသည့်နေ့တွင်ပထမဆုံးဝယ်ယူသူအယောက်၅၀ကို၂၀ရာခိုင်နှုန်းဈေးလျော့ပေး၍ရောင်းချခဲ့ကြောင်းသိရသည်။
Sony အရောင်းပြခန်းမှမန်နေဂျာကိုဇွဲနိုင်ဗိုက "အဲ့ဒီနေ့ကလာဝယ်တဲ့လူတွေအရမ်းများတယ်တန်းစီတဲ့လူတွေများလွန်းလို့ပြဿနာမဖြစ်အောင်လိုတောင်ထိန်းခဲ့ရပါတယ်။ အဲ့ဒီနေ့ကအလုံး၅၀ကိုမနက်ပိုင်း ၉နာရီခွဲလောက်ကတည်းကကုန်သွားတယ်။ တွက်ကြည့်ရင်၁သိန်းကျောက်လောက်သက်သာတော့အလုအယက်ဝယ်ကြတယ်" ဟု Smart Pro ဂျာနယ်သို့ပြောသည်။...
Sony Xperia Z Ultra ကိုသြဂုတ်လ၂ရက်နေ့မှစတင်ရောင်းချခဲ့သော်လည်းလူကြိုက်များ၍ရောင်းအားအလွန်ကောင်းလျက်ရှိကြောင်းသိရသည်။
Sony Xperia Z Ultra ထူးခြားချက်ကောင်းမွန်သည့် Feature များဖြစ်တဲ့ Stylus Pen ကခဲတံ၊ ဘောပင်များကိုမျက်နှာပြင်ပေါ်ထိတွေ့အသုံးပြုနိုင်မည်ဖြစ်သည်။ ရေစိုခံနိုင်သည့်စွမ်းအင်များပါဝင်ပြီးမျက်နှာပြင်အကျယ် ၆.၄လက်မရှိသည့်အတွက်ကမ္ဘာအကြီးဆုံး Phablet ဖြစ်ကြောင်းသိရသည်။
Sony Xperia Z Ultra ကိုဝယ်ယူသည့်အသုံးပြုသူတစ်ဦးက "ကျွန်တော်ကလမ်းမတော်မှာနေတာပါ။ တပ်မတော်ခန်းမမှာ Sony Xperia Z Ultra ကို ၀ယ်ရင် ၂၀ရာခိုင်နှုန်းလျော့ပေးမယ်ဆိုလို့လာဝယ်တာပါ။ ဒီ Z Ultra ကရေစိမ်ခံနိုင်တဲ့အပြင်ရေအောက်တစ်မီတာအနက်မှာနာရီဝက်ကြအောင်အသုံးပြုနိုင်တာတွေကိုကြိုက်လို့ပါ။ နောက်ပြီးဘက်ထရီပိုင်းကိုလည်း Stamiaa Mode လုပ်နိုင်တဲ့အတွက်ဝယ်ဖြစ်တာပါ" ဟု Smart Pro Journal သို့ပြောကြားခဲ့သည်။
Sony Xperia Z Ultra သည် Phablet များထဲတွင် 6.5mm ထားရှိသည့်အတွက်အပါးဆုံး Phablet တစ်မျိုးဖြစ်ပြီးအလေးချိန်သည်212g သာရှိကြောင်းသိရသည်။ Z Ultra ၏ Processor ကို 2.2GHz Snapdragon Quad Core Processor ကိုအသုံးပြုထား၍RAM ကို 2GB အထိထောက်ပံ့ပေးထား၍သတင်းအချက်အလက်များသိမ်းဆည်းနိုင်ရန် 16GB ရှိတဲ့ Storage ပါဝင်မည်ဖြစ်သည်။ Andropid OS ကို 4.2 (Jelly Bean) ကိုအသုံးပြုထားကြောင်းသိရသည်။ Full HD ရုပ်ပုံများကိုကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီးဖုန်းမျက်နှာပြင်နှင့်ဖုန်းအနောက်ဘက်မျက်နှာပြင်များကိုအကြမ်းခံနိုင်သည့် Gorilla Glass ကိုအသုံးပြုထားသည့်အဆင့်မြင့် Phablet တစ်မျိုးဖြစ်ကြောင်းသိရသည်။
THET

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့