Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 7 August 2013

စစ်ရေးဖိအားဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မထိခိုက်စေသင့်ဟု TNLA ကဆို

ငြိမ်းချမ်းရေးခရီးစဉ်တွင် ကြိုဆိုနေသော တအာင်းပြည်သူတဦး


အစိုးရ တပ်များသည် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF နယ်မြေတွင် အင်အား တိုးချဲ့သည့် အနေဖြင့် ပြီးခဲ့သည့် သြဂုတ်လ ဆန်းမှ စပြီး တပ်ရင်း (၃) ရင်း တိုးချဲ့ ချထား လာခဲ့သည်ဟု PSLF ဥက္ကဌ တာအိုက်ဖုန်းက ဆိုပါသည်။

“ အထူးသဖြင့် ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်း နဲ့ နမ္မတူ မြို့နယ် ထဲကို လှုပ်ရှားဖို့ပါ။ ဒါက ပြီးခဲ့တဲ့ ဇူလိုင် (၃၁) ရက်နေ့က အစိုးရနဲ့ တွေ့ဆုံပြီး နောက်ပိုင်း တိုးချ လာတာ ဖြစ်တယ်။ ဒီတော့ ဒါဟာ စစ်ရေးအရ သူတို့ အကြပ်ကိုင် လာဖို့ အတွက် တိုးချဲ့ လာတဲ့ သဘောလို့ မြင်ပါတယ်” ဟု ဆိုပါသည်။

PSLF သည် စစ်ရေး အရ ဖိအားပေးခြင်းထက် နှစ်ဖက် ဖြစ်ပွားနေသည့် ပြသနာများကို နိုင်ငံရေးအရ ဆွေးနွေးခြင်း နည်းလမ်းဖြင့်သာ ပြေလည်စွာ အဖြေရှာကြရန် လိုလားကြောင်း ဆိုပါသည်။

ဤသို့ကြောင့် တအာင်းပြည် လွတ်မြောက်ရေး တပ်ဦး PSLF သည် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ နှင့် ပြီးခဲ့သည့် ဇူလိုင် (၃၁) ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး အတွက် လက်မှတ်ထိုးရန် အစိုးရဖက်မှ ဖိအားပေး ခဲ့သော်လည်း PSLF ဖက်မှ လက်မှတ်ထိုး ခဲ့ခြင်း မရှိခဲ့ပေ။

ဤသို့ကြောင့် ဆက်လက် ဖိအားပေး သွားရန် ရည်ရွယ်သည့် အနေဖြင့် တပ်ဖွဲ့ တိုးချဲ့ ချထားခြင်း ဖြစ်သည်ဟု PSLF မှခန့် မှန်းထားခြင်း ဖြစ်ပါသည်။ ယခု တိုးချဲ့ ချထားသည့် အစိုးရ စစ်ဗျူဟာ တပ်ဖွဲ့များသည်၊ မည်သည့် ဒေသမှ အခြေစိုက် တပ်များ ဖြစ်သည်ကို စုံစမ်းဆဲ ဖြစ်ပါသည်။

PSLF သည် အစိုးရနှင့် အပစ်ရပ်ရေး လက်မှတ် မထိုးနိုင်သေးသော်လည်း  သဘော တူညီချက် (၃) ချက် ရရှိခဲ့ပါသည်။ aတွ့ဆုံဆွေးနွေမှုသည် အပြုသဘော ဆောင်ပြီး၊ နိုင်ငံရေး ဆွေးနွေးပွဲအတွက် ဆက်လက် ညှိနှိုင်း သွားနိုင်ရန် ထပ်မံတွေ့ ဆုံကြမည်ဟု သဘော တူခဲ့ကြခြင်း ဖြစ်ပါသည်။

“ ပြည်နယ် အဆင့် တွေ့ဆုံ ဆွေးနွေးပွဲကို လက်ခံတယ် ဆိုပေမဲ့ အပစ်အခတ် ရပ်စဲရေး လမ်းညွန်မူများကို လက်ခံ လိုက်ပြီး ဆိုတဲ့ သဘောတော့ မဟုတ်သေးပါဘူး၊ ဒါကြောင့် လက်မှတ် မထိုးဖြစ်တာပါ။  ထပ်တွေ့တဲ့ အခါ ထပ်ပြီး ဆွေးနွေးရ ဦးမှာပါ။” ဟု ဆွေးနွေးပွဲကို ဦးဆောင်ခဲ့သူ အတွင်းရေးမှူး တာဖုန်းကျော်က ဆိုပါသည်။

ဆွေးနွေးပွဲ ရလာဒ်များကိုလည်း ပြည်သူများကို တင်ပြသည့် အနေဖြင့် PSLF သည် ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်နေ့တွင် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆိုင်းလိန် ကျေးရွာ၌ လူထုရှင်းလင်းပွဲ တရပ် ကျင်းပခဲ့ပါသည်။ ယင်းလူထု ရှင်း လင်းပွဲသို့ တအာင်းကျေးရွာပေါင်း ၃၀ ကျော်မှ ရပ်မိ ရပ်ဖများ၊ ဒေသခံ မိဘပြည်သူများ နှင့် ပြည်တွင်း မီဒီယာ အဖွဲ့ များ အင်အား ၁၅၀၀ ကျော် တက်ရောက်ခဲ့ပါသည်။

ပြည်သူများကမူ ငြိမ်းချမ်းရေး အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးသည်ကို ထောက်ခံကြောင်းနှင့် တအာင်း PSLF/TNLA အနေဖြင့် အစိုးရထံ လက်နက် အပ်နှံခြင်း မပြုရန် တက်ရောက် လာကြသည့် တအာင်း ပြည်သူ များက အကြံပြုတင် ပြခဲ့ကြသည်ဟု  ဥက္ကဌ တာအိုက်ဖုန်းက ဆိုပါသည်။

အစိုးရ တပ်များသည် PSLF အား၂၀၁၃ ခုနှစ် ဆန်းကတည်းက စစ်ရေးအရ တိုးမြှင့်ပြီး ထိုးစစ်ဆင် တိုက်ခိုက် လာခဲ့ပါ သည်။ တိုက် ခိုက်မှုများသည်လည်း မူလ ရှိရင်းစွဲ ဒေသခံ တပ်ရင်း (၁၀)ရင်းမှ တပ်ရင်း ပေါင်း (၃၀)ကျော် အထိ တိုး မြှင့်စစ်ဆင် လာခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ကြောင့် လက်နက် ချသွားမည်ကို တအာင်းပြည်သူများ စိတ်ပူနေရခြင်း ဖြစ်ကြောင်း ဆိုပါသည်။

ငြိမ်းချမ်းရေးကို လိုလားသော PSLF သည် ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် ၂၀၁၂ ခုနှစ် နိုဝင် ဘာလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဇင်းမယ်မြို့၌ တကြိမ်ထဲသာ အလွတ်သဘော တွေ့ဆုံ ခဲ့ဘူးပါသည်။

PSLFသည် ၁၉၉၁ ခုနှစ်တွင် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဖွဲ့ (PSLA)နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲပြီး နောက် ပိုင်းမှ ပေါ်ပေါက်လာသော အဖွဲ့ဖြစ်ပါသည်။ PSLF ခေါင်းဆောင်များသည် PSLA အပစ် ရပ်စဲခြင်းကို လက်မခံကြသဖြင့်  ၁၉၉၃ ခုနှစ်တွင် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး ( PSLF) ကိုပြန်လည် ထူထောင် ခဲ့ကြခြင်းဖြစ်ပါသည်။

ထို့အတူ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ် (TNLA) ကိုလည်း ၂၀၀၅ ခုနှစ်တွင် PSLA တို့က အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ကြရာက ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်း ခဲ့ကြပါသည်။

Written by  တအာင်းသားလေး

ရွှေဟင်္သာသတင်းဌာန

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့