Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 September 2013

လမ်းပန်းဆက်သွယ်ရေးအတွက် အမေရိကန်ဒေါ်လာ (၁.၅)သန်း ကူညီပေးမည့် ADB


ပြည်တွင်းရဲ့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ ရန်ကုန်မြို့နဲ့ ကရင်ပြည်နယ်တို့ကို ဆက်သွယ်ထားတဲ့လမ်းပိုင်းကို အဆင့်မြှင့်တင်ဖို့အတွက် မြန်မာနိုင်ငံအစိုးရကို
အာရှဖွံ့ဖြိုး ရေးဘဏ် ADBမှ ဂျပန်နိုင်ငံဆင်းရဲမှုလျှော့ချရေးရန်ပုံငွေရဲ့ ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ (၁.၅)သန်း အကူအညီပေးသွားမှာဖြစ်တယ်လို့ ADBမှ သိရပါတယ်။
အဆိုပါ လမ်းပိုင်းဟာ ကီလိုမီတာ(၇၀) ရှည်လျားတာဖြစ်ပြီး ADB အနေနဲ့ အဲ့ဒီလမ်းပိုင်းကို အဆင့်မြှင့်တင်ဖို့အတွက် ပုံစံရေးဆွဲခြင်းနဲ့ ကြိုတင်ပြဆင်မှုများ ဆောင်ရွက်ဖို့အတွက် နည်းပညာ အကူအညီများပေးသွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပေးမယ့် နည်းပညာ အထောက်အပံ့ တွေမှာတော့ တည်ဆဲလမ်းများ၊ တံတားများ၊ ရေလမ်းကြောင်းများအား မြေမျက်နှာ သွင်ပြင်တိုင်း တာခြင်း၊ အင်ဂျင်နီယာလုပ်ငန်းဖြစ်တဲ့ လမ်းများပြန်လည်မြှင့်တင်ခြင်း၊ ခန့်မှန်းခြေကုန်ကျ စရိတ်တွက်ချက်ခြင်းစတာတွေဆောင်ရွက်ဖို့ လုပ်ငန်းများလည်း ပါဝင်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့နဲ့ ကရင်ပြည်နယ်တို့ကို ဆက်သွယ်ထားတဲ့ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ပါက ကရင်ပြည်နယ်ရှိ ပြည်သူများအတွက် အလုပ်အကိုင်၊ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့