Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 19 September 2013

Beauty of Myanmar ဓာတ်ပုံပြိုင်ပွဲ ကျင်းပပြုလုပ် သွားမည်

  Today Group of Companies ရဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ် အဖြစ် Beauty of Myanmar မြန်မာ့အလှ ခေါင်းစဉ်နဲ့ ဓာတ်ပုံပြိုင်ပွဲ ကျင်းပပြုလုပ်
သွားမှာဖြစ်ပြီး အဆိုပါ ဓာတ်ပုံ ပြိုင်ပွဲမှာ  ၀င်ရောက် ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံများကို လှိုင်မြို့နယ် မှာရှိတဲ့ တူးဒေး စာအုပ်တိုက်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က စတင်ပြီး လက်ခံနေတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒီလို ယှဉ်ပြိုင်ရာ မှာတော့ ပြိုင်ပွဲဝင်များ အနေနဲ့ ရှုခင်းများ၊ လူနေမှု ဘ၀များ ပွဲတော်များ၊ မြန်မာ့အနုပညာ လက်ရာများ၊ ယဉ်ကျေးမှု ဓလေ့ ထုံးစံများ စတဲ့ မိမိတို့ နှစ်သက်ရာ ဓာတ်ပုံများနဲ့ ပေးပို့ ယှဉ်ပြိုင် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဓါတ်ပုံပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်လိုတဲ့ ပြိုင်ပွဲဝင် တွေကို ဓာတ်ပုံ အရေအတွက် ကန့်သတ် ထားခြင်း မရှိပေမယ့်လည်း လူတစ်ဦးကို ဆုတစ်ဆုသာ ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ဓာတ်ပုံများကို လာမယ့် အောက်တိုဘာလ၂၁ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမှာဖြစ်ပြီး ဆုရရှိသူ စာရင်း ကိုတော့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန် ကြေညာကာ ဆုချီးမြှင့်ပွဲ ကိုတော့ ဒီဇင်ဘာလမှာ အခမ်းအနားနဲ့ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါ ဓါတ်ပုံပြိုင်ပွဲ မှာတော့ အကဲဖြတ်ဒိုင် လူကြီးတွေ အနေနဲ့ တူဒေး စာအုပ်တိုက်မှ ဒါရိုက်တာ အဖွဲ့ဝင်များနဲ့ သက်ဆိုင်ရာ ပညာရှင်များက အကဲဖြတ် ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ အကောင်းဆုံး ဆုရရှိတဲ့ ဓာတ်ပုံဆရာ ၁၀ ဦးနဲ့ ဓာတ်ပုံသုံးပုံစီကို စင်္ကာပူ နိုင်ငံ Asian Geographic မဂ္ဂဇင်းမှ ကျင်းပတဲ့ The Asia Without ပြိုင်ပွဲသို့ ဆက်လက် ယှဉ်ပြိုင်စေမှာ ဖြစ်ပြီး အဲ့ဒီအတွက် ကုန်ကျစရိတ်ကို တူးဒေး စာအုပ်တိုက်မှ ကုန်ကျခံ ပေးမှာ ဖြစ်ပါတယ်။ အသေးစိတ် သိရှိလိုပါက Today Group of Compaines ဖုန်းနံပါတ် ၀၁-၅၀၇၃၉၁၊ ၅၀၇၃၉၂၊ ၅၀၇၃၉၂၊ ၅၀၇၃၉၃ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့