Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 September 2013

Billboard ၏ တစ်နှစ်တာ အထူးချွန်ဆုံး အမျိုးသမီး အဆိုတော်ဆု ရရှိခဲ့သည့် Pink

Billboard မှ အနုပညာ လောကတွင် ယခုနှစ်၏ အောင်မြင်မှု အရှိဆုံး ၊ တစ်နှစ်တာ အထူးချွန်ဆုံး အမျိုးသမီး အဆိုတော်ကို
ဂုဏ်ပြု ရွေးချယ်ခဲ့ရာ ပေါ့ပ်အဆိုတော် Pink မှ Billboard ၏ တစ်နှစ်တာ အထူးချွန်ဆုံး အမျိုးသမီး အဆိုတော် ဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

Pink သည် ဆဋ္ဌမမြောက် အယ်လ်ဘမ်ဖြစ်သည့် The Truth About Love  အယ်လ်ဘမ်အတွက် ကော်ပီချပ်ရေ (၁.၇)သန်း ရောင်းချထားပြီး Billbaord 200 စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်သည်အထိ အောင်မြင်ခဲ့သည့်နောက် ယခုကဲ့သို့ Billboard ၏ တစ်နှစ်တာ အထူးချွန်ဆုံး အမျိုးသမီး အဆိုတော်ဆုကိုပါ ရရှိခဲ့ခြင်း ဖြစ်သည်။ Pink သည် ဒီဇင်ဘာလတွင် နယူးယော့ခ်မြို့၌ ယခုဆုကို အခမ်းအနား တစ်ရပ်ဖြင့် လက်ခံယူမည် ဖြစ်သည်။

http://tvnz.co.nz/entertainment-news/pink-named-billboard-s-woman-year-5...


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့