စက်တင်ဘာလ ၁၃ ရက် (မော်လမြိုင်ကျွန်း)
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်က လယ်သမား အများအပြားဟာ ပြီးခဲ့တဲ့ ဇွန်လနဲ့ဇူလိုင်လတွေက ထွန်တုံးတိုက်ပွဲတွေလုပ်ခဲ့ကြလို့ ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု)၊ ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု)တွေနဲ့ တရားစွဲခံနေရပါတယ်။
လယ်သမားအရေးကူညီပေးသူတွေအဆိုအရတော့ မော်ကျွန်းတမြို့ထဲမှာတင် တရားစွဲခံ လယ်သမား ၃၀၀ ကျော်ရှိပြီး အမှုပေါင်း ၁၅၈ မှုရှိတယ်လို့ သိရပါတယ်။
လယ်အမှုတွေကို မော်ကျွန်းမြို့နယ် တွဲဖက်တရားသူကြီး ဒေါ်ခင်နီနီအေးက ကိုင်တွယ်ကြားနာ စစ်ဆေးရာမှာ တရားလိုဘက်ကိုပဲ ရုံးတော်မှာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ပြီး တရားခံလယ်သမားကို စစ်ဆေးမေးမြန်းခြင်းမရှိဘဲ အလုပ်ကြမ်းနဲ့ထောင်ဒဏ် အမိန့်တွေ ချမှတ်နေတယ်လို့ မော်ကျွန်းဒေသခံတွေက ပြောပါတယ်။
“တရားခွင်မှာ တရားလိုကိုပဲမေးမြန်းတာတွေလုပ်ပါတယ်။ တရားခံလယ်သမားဘက်ကို လုံးဝမေးမြန်းခြင်း မရှိဘဲ လယ်သမားက မြေခွန်ပြေစာအထောက်အထား၊ စာရွက်စာတမ်း အထောက်အထားတွေတင်ပြတော့လည်း တရားသူကြီးမက လက်မခံဘူး။ လယ်ဆင်းထွန်တာ လုပ်သလား၊ မလုပ်ဘူးလားပဲမေးပြီး အလုပ်ကြမ်းနဲ့ထောင်ဒဏ် အမိန့်တွေချနေတာ ဖြစ်ပါတယ်”လို့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၄ လ ကျသွားတဲ့ ကပ်ခိုကျေးရွာအုပ်စုက လယ်သမား ဦးတင်မောင်ဝင်းရဲ့ဆွေမျိုးတဦးက ပြောပါတယ်။
တရားသူကြီး ဒေါ်ခင်နီနီအေးဟာ စက်တင်ဘာလ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နဲ့ ၉ ရက်နေ့တွေမှာ ဆက်တိုက်ဆိုသလို တရားခံလယ်သမားတွေကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ လ၊ ၄ လ စသဖြင့်ချမှတ်နေရာမှာ အခုဆိုရင် လယ်သမား ၂၀ ကို ထောင်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။
“ဒီတပတ် သောကြာနေ့မှာ လယ်သမားတဦးကို အမိန့်ချဖို့ရှိပါတယ်။ ဒါပေမယ့် အဲဒီလယ်သမားအဖိုးကြီးက အသက် ၆၀ ကျော်နေပြီး နေမကောင်းလို့ အခု ဆေးရုံတက်နေရတယ်။ အဲဒါကြောင့် ရုံးချိန်းကို ခွင့်တင်ပါရစေ။ ဆေးရုံကလည်း ဆေးစာတွေနဲ့ ထောက်ခံပေးမယ်ဆိုတာတောင် တရားသူကြီး ဒေါ်ခင်နီနီအေးက လက်မခံပါဘူး။ နေမကောင်းလည်း တရားခွင်ကို စောင်ပုခက်နဲ့ထမ်းခေါ်လာခဲ့။ အမိန့်ချစရာရှိတာ ချရမှာပဲလို့ ပြောတယ်”လို့ လယ်သမားအရေးကူညီပေးနေတဲ့ မော်ကျွန်းမြို့ခံတဦးက ပြောပါတယ်။
ထောင်ကျတဲ့လယ်သမားတွေကို မော်ကျွန်းမြို့နဲ့အနီးဆုံးဖြစ်တဲ့ မအူပင်ထောင်မှာမထားဘဲ မြောင်းမြထောင်ကိုပို့ဆောင်ပြီး အကျဉ်းချထားတယ်လို့ သိရပါတယ်။
“တကယ်တော့လယ်သမားတွေက သူတို့လယ်တွေကို မတရားအသိမ်းခံခဲ့ရတဲ့အတွက် ပြန်လိုချင်ကြတယ်။ အဲဒါကိုဖြေရှင်းပေးဖို့တိုင်ကြားပေမယ့် ဘယ်အာဏာပိုင်အဖွဲ့အစည်းမှ ရှင်းမပေးဘူး။ ရှင်းမပေးတဲ့အတွက် မိုးကျတဲ့အခါ လယ်သမားက မစောင့်ဘဲ ထွန်တုံးတိုက်ပွဲလုပ်ပြီး ၀င်ထွန်တော့တယ်။ အဲလိုထွန်တုံးတိုက်ပွဲလုပ်ချိန်မှာလည်း အစိုးရပိုင်းအနေနဲ့ လယ်သမားတွေကို ဥပဒေကြောင်းအရ ရှင်းပြတာလည်း မရှိသလို လယ်ယာမြေကိစ္စကိုလည်း ဘယ်လိုဖြေရှင်းပေးပါမယ်ဆိုပြီး တာဝန်ခံပြောဆိုမှုမရှိဘူး။ အဲဒါကို အခုကျတော့ တရားစွဲထောင်ချတဲ့ကိစ္စဟာ တရားမျှတမှု မရှိပါဘူး”လို့ လယ်သမားအရေး ကူညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီကွန်ရက်က ကိုကြည်လွင်က ပြောပါတယ်။
ဧရာဝတီတိုင်းတခုလုံးမှာ ထွန်တုံးတိုက်ပွဲကြောင့် တရားစွဲခံနေရတဲ့လယ်သမား ၅၁၃ ဦး ရှိတယ်လို့ လယ်သမားအရေးကူညီပေးနေသူများက ဆိုပါတယ်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Saturday 14 September 2013
မော်လမြိုင်ကျွန်းမြို့နယ် တွဲဖက်တရားသူကြီးက လယ်သမားများကို ခုခံချေပခွင့်မပေးဘဲ အလုပ်ကြမ်းနှင့်ထောင်ဒဏ်များချမှတ်နေ
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
September
(737)
- မန္တလေးရှိုးပွဲ အုပ်စုဖွဲ့ရန်ပွဲတွင် ပါဝင်သူများ ဖမ်...
- လူငယ်တစ်ဦးက လမ်းသွားလမ်းလာများအား ဓာတ်ဆီဖြင့်ပက်၍ ...
- ရခိုင်တိုင်းရင်းသားများ မကာကွယ်ပါက မြန်မာမြေပုံ ယခ...
- တိုင်းရင်းသား အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဥပ...
- စက်တင်ဘာလ(၂၆)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမ...
- စက်တင်ဘာလ(၂၅)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင...
- ဒေသဖွံ့ဖြိုးရေး ရခိုင်တိုင်းရင်းသားတွေနဲ့ သူရဦးရွှေ...
- လက်ပံတောင်းအရေး ဆန္ဒပြသူများ ရဲတပ်ဖွဲ့နှင့် ရုန်းရင...
- လယ်တီသိမ်ကို ထိန်းသိမ်းဖို့ ချီတက်လမ်းလျှောက် သူေ...
- မအားသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ကွမ်းယာဆု...
- လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှုအတွက် မြန်မာအစို...
- အတည်ပြုလိုက်တဲ့စည်ပင်ဥပဒေမူကြမ်းမှာ ငွေနှင့်ထောင်ဒ...
- မိခင်ကို သားဖြစ်သူက သတ်တဲ့ လူသတ်မှု
- သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ သံတွဲတွင် ရုန်းရင်း...
- အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာကို တက္ကသိုလ် ...
- လယ်သမားတွေကို သင့်တော်တဲ့ လျော်ကြေးပေးခဲ့ကြောင်း ဒ...
- နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်မယ်လို့ ဗိုလ်ချုပ်...
- ဆန့် ကျင်ဖက် ယာဉ်ကြောကို ပိတ်ရပ်ထားတဲ့ တပ်မတော် ဆေ...
- ဒုဝန်ကြီး ၂၃ ဦးပါ ကော်မတီ ၂၆ ခု ဖွဲ့စည်း
- စက်တင်ဘာလ(၂၇)ရက်နေ့ ထုတ် M Plaza Shopping Journal ...
- သိမ်းဆည်းလယ်ယာမြေ တချို့ ပြန်ပေးမယ်လို့ ပြန်ကြားေ...
- နေပြည်တော် ဝဲကြီးရွာက ရဲနဲ့ ပဋိပက္ခ ရွာသား ၁ဝ ဦးကို...
- ဖွဲ့စည်းပုံပြင်မလား၊ အသစ်ရေးမလား ပြည်သူ့ဆန္ဒရယူမည်
- မီတာထိန်းသိမ်းခ အစိုးရ လျှော့ချကောက်ခံမည်
- တောင်ကြီးမှာ စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတချို့ ပြ...
- သမ္မတရုံးဝန်ကြီးတစ်ဦးပိုင်ဆိုင်သည့် ခြံမြေလှည်းကူး၌...
- ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းအမှုကို မန္တလေး တိုင်းေ...
- သတ်မှတ်ရက်လွန် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့...
- သမ္မတကြီးမှာကြားချက်နှင့် ရဲမှူးဦးဝင်းနိုင်ပြောကြား...
- ကျွန်တော်နဲ့ ဦးအောင်မင်း ၊ ဦးခင်ရီ တို့ကို လာတိုက်...
- ထမံသီ စီမံကိန်း ဖျက်သိမ်းပြီ
- မြေယာစီမံခန့်ခွဲရေး သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)
- ရဲရွာစီမံကိန်းအတွင်း သိမ်းယူခဲ့သော ဥယျာဉ်ခြံမြေတွေ...
- စက်တင်ဘာလ(၂၆)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ...
- ကသာမြို့နယ်မှာ လယ်သမား ၃ဝဝ ကျော် ဆန္ဒပြ
- ကော့သောင်းထောင် အကျဉ်းသား ၁၂၀ခန့် မော်လမြိုင်ထောင်...
- မြေသိမ်းခံရမှုများတွင် တည်ဆဲဥပဒေများနှင့်အညီ တိတိကျ...
- သိမ်းထားသည့်မြေယာများ အစိုးရသက်တမ်းအတွင်း ပြန်ပေးမည်
- လျှော်ကြေး ရယူထားခြင်း မရှိသေးသော လယ်မြေ အပေါ်သို့ ...
- မင်းကင်းမြို့ရှိ စာသင်ဝိုင်းတစ်ခုမှ ကလေးငယ်များအား...
- လယ်ယာမြေ အငြင်းပွားမှု ဖြစ်စဉ်တွင် တောင်သူများကို ဆ...
- မမြင်လိုက်ရတဲ့ ဖြစ်စဉ်နိဂုဏ်း
- ဒုကာချုပ်ဟောင်းမိသားစုဝင်များကို အစိုးရစက်မှုဝန်ကြီ...
- Ooredoo က အလုပ်သမား ၃သောင်းခန့်မည်
- အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ
- OIC နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ ရိုဟင်ဂျာ ကိစ္စေ...
- အောက်တန်းကျတဲ့ နိုင်ငံရေးဟု ၀န်ကြီးဦးစိုးသိန်းပြော...
- မူဆယ်မြို့လယ်ရှိ နေအိမ်အား အကြမ်းဖက်ဝင်ရောက် တိုက်...
- ရဲစခန်းတွင် မသင်္ကာတရားခံများအား စစ်ဆေးမှုများကို စီစ...
- ကားရထားနှင့် ပါဂျဲရိုးတိုက်မိ
- ကိုယ်ထူကိုယ်ထလမ်းအား ပါတီတခုမှ ဝင်ရောက်နာမည်ကောင်း...
- နမူနာပေးပို့ သော ရေကျိုငါးပိအချို့ ယူရီးယားပါဝင်ြေ...
- သစ်တောမှ လုပ်ပိုင်ခွင့် ပြုထားခြင်းမရှိဘဲ သစ်တောဌာ...
- အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့ နိုင်...
- အခြေခံဥပဒေပါ တရားမျှတမှု မရှိသည့် ကိစ္စ အသက်နှင့်လဲ ...
- » စင်ကာပူ ကျောင်းသား ၃၀ ရန်ကုန်တွင် အစာအဆိပ်သင့်
- လွှတ်တော်အမတ်ဦးဆောင်သည့် ရေလွှမ်းမိုးမှုပြဿနာဖြေရှင်...
- ၂၀၁၄ ဆက်သွယ်ရေး ဈေးကွက်လုပွဲ
- သို့ နိုင်ငံတော်သမ္မတကြီး
- ကင်တားနားအား မြန်မာ့လူ့အခွင့်အရေး ကိုယ်စားလှယ် တာ...
- “သိန်းတစ်ရာမမက်သော တောသူမ”
- တရုတ် စစ်တပ်အရာရှိကြီးတွေ စစ်ဆေးခံရမယ်
- ၂၀၁၅ DV ကံစမ်းမဲ Online လျှောက်လွှာ အောက်တိုဘာ ၁ ရက...
- သမ္မတဟောင်း Carter ဦးဆောင်တဲ့ The Elders အဖွဲ့ နေပြ...
- လူကုန်ကူး ခံရသည့် အမျိုးသမီး လေးဦးအား မိဘများ ထံြ...
- မြန်မာအမျိုးသားနဲ့  မလေးနိုင်ငံသူဇနီးကို ပြစ်ဒဏ်ခ...
- စက်တင်ဘာလ(၂၆)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- စက်တင်ဘာလ(၂၆)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
- စက်တင်ဘာလ(၂၈)ရက်နေ့ ထုတ် Tech Space နည်းပညာ Vol 2 ...
- စက်တင်ဘာလ(၂၈)ရက်နေ့ ထုတ် Net Guide Journal Vol 3 No 3
- စက်တင်ဘာလ(၂၇)ရက်နေ့ ထုတ် Hot News Weekly Journal V...
- ရွှေတောင်မြို့ နယ် ဘောလုံးပွဲတွင် ပရိသတ်နှင့် လုံခြ...
- အစိုးရနှင့် ပြည်သူ ထိပ်တိုက် ပြဿနာတွေ့လျှင် ထိခိုက...
- ဆန်စက်တည်ဆောက်မှုအား ရပ်ကွက်နေပြည်သူများ ကန့် ကွက်
- ရေလွှမ်းမှုကြောင့် လယ်ဧကခြောက်သိန်းကျော် ပျက်စီး
- ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်မည်ဆိုပါက တရား...
- ချောက်ထဲပြုတ်ကျသည့် အမျိုးသမီးကို ကယ်တင်နိုင်ခဲ့
- ခရီးသည်လုခေါ်၍ အချင်းများရာမှ ခရီးသည်တစ်ဦး သေဆုံး
- မဲဆောက်တွင် မြန်မာနိုင်ငံကူးလက်မှတ်အတု ဖမ်းဆီးရမိ
- ပါကစ္စတန်တွင် ငလျင်ကြောင့် သေဆုံးသူ ၂၀၈ ဦးရှိပြီ
- အစိုးရနှင့် ပြည်သူ ထိပ်တိုက် ပြဿနာတွေ့လျှင် ထိခိုက...
- ကလေးငယ်တစ်ဦးကို လိမ်လည်ခေါ်ဆောင်သူနှင့် အဓမ္မခိုင်းေ...
- ညသံစဉ်ကြားမှ ဘ၀ခါးခါး
- ထောက်ကူသူများဖြင့် ပိုမြိုင်လာသည့် ငြိမ်းချမ်းရေးခရီး
- ရည်းစားဟောင်းကို အဓမ္မပြုကျင့်၍ မဖွယ်မရာ ဓာတ်ပုံရို...
- စစ်ကိုင်းယာဉ်ထိန်းတပ်ဖွဲ့၏ ဥပဒေမဲ့ မြင်ကွင်း (ရုပ်...
- ကျောင်းထဲဝင်ပြီး သံဃာတော်အား ရိုက်နှက်မှုဖြစ်
- ဆားခါတောင် သာသနာ့နယ်မြေမှ သဘာဝ ကျောက်တုံးများကို ခ...
- မျိုးဆက်ပျောက်ကွယ်တော့မည့် ထရုန်လူမျိုး သုံးဦးသာ က...
- တန်ဖိုးမဖြတ်နိုင်သော မိုးကုတ်မြေ ဧက ငါးထောင်ခန့် သ...
- လူထုမဲဖြင့် မြို့နယ်စည်ပင်ဥက္ကဋ္ဌများ ရွေးနိုင်မည့် စ...
- သစ်ခုတ်ခဲ့သည့်အမှားများကို လူမှုရေးလုပ်ငန်းများဖြင့...
- NLD၂ဝ၁၅ ရွေးကောက်ပွဲ မှာ ကုလားမယား ကုလားအားပေး ဒေါ်...
- လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရေး ကမ္ဘာ့ဘဏ်ကူညီမည်
- လူကူးမျဉ်းကျားတွင် အရှိန်မလျှော့ဘဲမောင်းသည့် ယာဉ်မ...
- ချို့တဲ့ ကျောင်းသားများအား အာဟာရ တိုက်ကျွေးရေးအဆို...
- ရုပ်သံဟာသ
- အရက်ကြောင်ကြောင်နေသည့် ဖခင်က တစ်မိသားစုလုံးကို ဓား...
- ကင်ညာကုန်တိုက်တွင်း ဓားစာခံတွေ ဖမ်းဆီးခံထားရဆဲ
- စက်တင်ဘာလ(၂၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
-
▼
September
(737)
No comments:
Post a Comment