Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 September 2013

စတင်ပြေးဆွဲနေပြီဖြစ်သည့် ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထား

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ မြန်မာ့မီးရထားမှ ဘုရားဖူးခရီးသွားများ အဆင်ပြေစွာ သွားလာနိုင်ဖို့အတွက် အထူးရထားများကို တိုးချဲ့ပြေးဆွဲလျက်ရှိရာ
ရန်ကုန်-ကျိုက်ထို ခရီးစဉ် အထူးအမြန်ရထားဖွင့်ပွဲကို စက်တင်ဘာလ(၇)ရက်နေ့မနက်က ရန်ကုန်ဘူတာကြီးမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
မြန်မာ့မီးရထားဟာဆိုရင် ယခုအခါမှာ ရထားလမ်းများ အသစ်ဖောက်လုပ်မှု၊ လမ်းဟောင်းများ ပြုပြင်နေမှုတွေနဲ့ ယခင်ရထားအဟောင်းတွေကို အထူးစံချိန် စံညွှန်းနဲ့အညီ အဆင့်မြှင့်တင် နေရပြီး အသုံးစရိတ်တွေဟာ ရထားလမ်းများအသစ်ဖောက်လုပ်တဲ့နေရာမှာ သုံးလိုက်တဲ့အတွက် ရထားဝန်ဆောင်မှုတွေဟာ လျော့နည်းနေတာဖြစ်ပါတယ်။
ဒါ့ကြောင့် ရထားများကို အချိန်မှန်မှန် ရောက်ရှိဖို့နဲ့ နိုင်ငံတကာရဲ့ ရထားစံချိန်စံညွှန်းနဲ့အညီ အဆင့်မြှင့်တင်ဖို့ လိုအပ်တာဖြစ်တဲ့ အတွက် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေရဲ့ လမ်းညွှန်ချက်နဲ့ ရန်ကုန်- ကျိုက်ထို ခရီးစဉ်ကို ဆာဗေးပြုလုပ်ကာ ပထမဆုံးစမ်းသပ်ပြေးဆွဲပေးတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အထူးအမြန်ရထားဟာ ကျိုက်ထို(၁)၊ ကျိုက်ထို(၂)ဆိုပြီး ဂျပန်နိုင်ငံမှ တစ်ပတ်ရစ် ရထားတွေကို ၀ယ်ယူထားပြီး ပြန်လည်ပြင်ဆင်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒီလို ၀ယ်ယူရာမှာလည်း ရထားတစ်စီးမှာတွဲဆိုင်း (၅)ဆိုင်းနဲ့ တွဲဆိုင်း(၁)တွဲကို ဂျပန်ယန်း(ရှစ်ဆယ့် ခြောက်သိန်း)နဲ့ ၀ယ်ယူထားပြီး ကျန်ရှိနေတဲ့တွဲဆိုင်းတွေမှာလည်း အထူးတွဲတွေထပ်တိုးဖို့ စီစဉ် နေတယ်လို့ သိရပါတယ်။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့