Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 19 September 2013

ပုတက်ကာတွန်းအား မိုဘိုင်းဖုန်းတွင် ဖတ်ရှုနိုင်တော့မည်

အပတ်စဉ်ထုတ် ပုတက် ကာတွန်း ဂျာနယ်မှ ယခုအခါ မိုဘိုင်းဖုန်း များမှာ ကာတွန်းများ ဖတ်ရှုနိုင်ဖို့ Mobile Application တစ်ခုကို တီထွင် ဆန်းသစ်မှုများ
ပြုလုပ်ခဲ့တဲ့ အတွက် မကြာခင်မှာ မိုဘိုင်းဖုန်း ထဲကနေ ပုတက် ကာတွန်းများ ဖတ်ရှုနိုင်တော့မှာ ဖြစ်တယ်လို့ စက်တင်ဘာလ ၁၈ ရက်နေ့က ချက်ထရီယံ ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှ သိရပါတယ်။


အဆိုပါ မိုဘိုင်းဖုန်းနဲ့ ပုတက် ကာတွန်းကို ဖတ်ရှုခ အနေနဲ့ တစ်လကို ၄၉၅ ကျပ် ကျသင့်ငွေကို ဖုန်းဘေလ်ထဲမှ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကာတွန်းပိုးဇာ ရေးဆွဲတဲ့ မဟာဗုဒ္ဓ၀င်တော်ကြီး ကိုလည်း ဆေးရောင်စုံနဲ့ အခမဲ့ ဖတ်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Putet Mobile Application ကိုတော့ လာမယ့် အောက်တိုဘာ လမှ စတင်ပြီး မိုဘိုင်းဖုန်းများထဲ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့