Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 September 2013

ဘဂ္ဂဒက် မြို့တော်တစ်ဝန်း ဗုံးပေါက်ကွဲမှုများဖြစ်ပွား

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် တစ်ဝန်းတွင် စက်တင်ဘာ ၁၇ရက် ညနေပိုင်းက နေရာပေါင်း ငါးနေရာတွင် ကားဗုံးပေါက်ကွဲမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ရာ
၂၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ပေါက်ကွဲသည့် နေရာများမှာ ဘဂ္ဂဒက်မြို့တော် အရှေ့ပိုင်း ဆက်ဒါ မြို့နယ်တွင် နှစ်ကြိမ် ၊ ဘဂ္ဂဒက်မြို့တော် အလယ်ပိုင်း ဆက်ဒေါင်း လမ်းပေါ်ရှိ နေဆာရင်ပြင်တွင် ကားဗုံးတစ်လုံး ပေါက်ကွဲမှုနှင့် ဘာတာဝိန်း ဒေသတွင် ကားဗုံး နှစ်လုံး ပေါက်ကွဲမှု ၊ ဘဂ္ဂဒက်မြို့တော် မြောက်ပိုင်း Husseiniyah ဒေသတွင် ကားဗုံးတစ်လုံး ပေါက်ကွဲမှု ၊ အနောက်တောင်ပိုင်း အမယ်လ်ဒေသတွင် ကားဗုံးတစ်လုံး ပေါက်ကွဲမှုများ ဖြစ်သည်။

http://www.washingtontimes.com/news/2013/sep/17/wave-car-bombs-kills-23-...


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့