Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 12 September 2013

ဖမ်းဆီးခံတောင်သူတွေကို ပြန်လွှတ်ပေးဖို့ ပုသိမ်မှာ လယ်သမားများ ဆန္ဒပြ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်း၊ ငပုတောမြို့နယ်အပါအဝင် မြို့နယ် ၇ ခုလောက်က ထောင်ဂဏန်းနီးပါးလောက်ရှိတဲ့ လယ်သမားတွေဟာ ပုသိမ်မြို့ မြို့တော်ခန်းမရှေ့ကနေ မြို့နယ်တရားရုံးရှေ့အထိ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဒီလိုဆန္ဒပြရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး မော်လမြိုင်ကျွန်းမြို့နယ်က လယ်သမား ဦးအောင်အောင်က RFA ကို အခုလို ပြောပါတယ်။

ပုဒ်မ ၄၄၇ နဲ့ ဖမ်းဆီးထားတဲ့လယ်သမားတွေကို ပြန်လွှတ်ပေးရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြရခြင်းဖြစ်ပါတယ်”

ဒီနေ့ဆန္ဒပြပွဲကို မော်လမြိုင်ကျွန်း၊ ငပုတော၊ ကန်ကြီးထောင့် ၊ မြောင်းမြ၊ ငွေဆောင်မြို့ နယ်စတဲ့ မြို့နယ်များက လယ်သမားတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့