Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

ကချင်ပြည်နယ်ရှိ ကျောက်စိမ်းလုပ်ကွက်အချို့ ကျောက်ထွက်ရှိမှုနည်းလာ

ဓာတ်ပုံ- ကျော်ဇေယျ - 7Day News Journal ကချင်ပြည်နယ်ရှိ ကျောက်စိမ်းလုပ်ကွက်အချို့တွင် ယခင်ကထက် ကျောက်စိမ်းထွက်ရှိမှု နည်းပါးလာကြောင်း ကျောက်စိမ်း လုပ်ငန်းရှင်များထံမှ သိရသည်။

“တိုက်ပွဲကာလမှာ နားထားပေမယ့် တရားမ၀င် တူးဖော်နေတာတွေ အများကြီးပဲ”ဟု မြစ်ကြီးနားမှ ကျောက်စိမ်းကျောက်မျက်လုပ်ငန်းရှင် ဦးကျော်ကျော်စိုးကပြောသည်။

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့ကြား တစ်နှစ်ကျော်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ယင်းဒေသရှိ ကျောက်စိမ်းလုပ်ကွက်အများစု ရပ်နားထားရသည်။ ထို့ကြောင့် ကျောက်စိမ်းကျောက်မျက်လုပ်ကွက်အများစုကို သတ္တုတွင်းဝန်ကြီးဌာနက ယာယီဆိုင်းငံ့ထားခဲ့ပြီး ပြန်လည်လုပ်ကိုင်ခွင့်ပေးမည့်ရက်ကို လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဝင်းထိန်ကပြောသည်။

တိုက်ပွဲကြောင့် ရပ်နားနေစဉ်အတွင်း လုပ်ကွက်အများစုမှာ ရပ်နားထားရသော်လည်း တရားမ၀င်တူးဖော်မှုများရှိနေပြီး နေ့စဉ်နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ ကျောက်စိမ်းအရိုင်းတုံးများ တင်ပို့မှုများကြောင့် ဈေးကွက်တွင်ရှားပါးနေပြီဖြစ်သည်။

ရပ်နားထားရသည့်ကာလအတွင်း ကုန်သည်အများစုက သိုလှောင်ထားသော ကျောက်စိမ်းကျောက်မျက်အများစုကို တရုတ်ကုန်သည်အချို့က ဈေးကောင်းပေးဝယ်ယူလာမှုတို့ကြောင့် သိုလှောင်ထားသူများ၏လက်ထဲတွင် ကုန်သလောက်နီးပါးရှိနေပြီဖြစ်ကြောင်း ကျောက်စိမ်းကုန်သည်များကပြောသည်။

“လုပ်ကွက်တွေဘက်က ထွက်တာမရှိသေးတဲ့အချိန်မှာ တခြားနေရာတွေကနေ တူးကြတယ်။ အဲဒီဘက်မှာလဲ အကန့်အသတ်မထားဘဲ အလွန်အကျွံတွေတူးကြတော့ ကုန်ပြီပေါ့။ တချို့ဆို ကျောက်စိမ်းတူးရာကနေ ရွှေကျင်တဲ့လိုင်းဘက်ကိုတောင် ပြောင်းကုန်ကြပြီ”ဟု ဖားကန့်ဒေသခံတစ်ဦးကဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံကလည်း ကျောက်စိမ်းကို မြန်မာနိုင်ငံမှ အဓိက၀ယ်ယူနေသဖြင့် ကချင်ပြည်နယ်တွင် ကျောက်စိမ်းအထွက်နှုန်းလျော့ကျလာခြင်းက တရုတ်ပြည်အတွက် စိုးရိမ်စရာတစ်ခုဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ကျောက်စိမ်းကျောက်မျက်နှင့်ပတ်သက်ပြီး အချောထည်ထုတ်လုပ်နိုင်မှု နည်းပါးခြင်းက တစ်ဖက်နိုင်ငံသားများအတွက် အခွင့်ကောင်းတစ်ခုဖြစ်ပြီး အကြမ်းထည်များကို အလုံးအရင်းဖြင့် ၀င်ရောက်ဝယ်ယူနေခြင်းကလည်း ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး(၃)ကပြောသည်။

ယင်းကဲ့သို့ ဒေသ၏ ကျောက်စိမ်းအဓိကထွက်ရှိရာ နယ်မြေများတွင် အထွက်နှုန်းလျော့ကျလာခြင်းများကြောင့် ပြည်တွင်းရှိ လက်ဝတ်ရတနာဈေးကွက်သို့ပင် ရိုက်ခတ်မှုအချို့ ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့