Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 19 September 2013

စက်တင်ဘာလ ၁၉ ရက်နေ့အတွက် မိုးလေ၀သ ခန့်မှန်းချက်

  ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တို့မှာ မုတ်သုံလေအား ကောင်းနေပါတယ်။ ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ မန္တလေးတိုင်း
ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနဲ့ ချင်းပြည်နယ် တို့မှာ နေရာစိပ်စိပ်နဲ့  ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ နေရာကွက်ပြီး မိုးကြီး နိုင်ပါတယ်။
 
မနက်ဖြန် အတွက် ခန့်မှန်းချက် ကတော့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသ တွေမှာ မိုးပိုလာ နိုင်ပါတယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ မိုးတစ်ကြိမ်၊နှစ်ကြိမ် ထစ်ချုန်း ရွာပါမယ်။ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ညနေ အထိ ခန့်မှန်းချက် ကတော့ မိုးအသင့်အတင့် ထစ်ချုန်း ရွာပါမယ်။ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာပါမယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့