Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 September 2013

ဝါရှင်တန်ခရီးစဉ်ကို ဖျက်သိမ်းလိုက်တဲ့ ဘရာဇီးနိုင်ငံသမ္မတ

ဘရာဇီးနိုင်ငံသမ္မတ Dilma Rousseff ဟာ လာမယ့် အောက်တို ဘာလ ၂၃မှာ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့ကို
သွားရောက်ဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အမေရိကန်သမ္မတ အိုဘားမားရဲ့ ခိုင်းစေမှုနဲ့ အမျိုးသား လုံခြုံရေးအေဂျင်စီ NSAက သူမရဲ့ ဘရာဇီးအရာရှိ အချို့အပေါ် လျှို့ဝှက် စောင့်ကြည့်ခဲ့တာကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။

NSA ဟာ သူမရဲ့ အင်တာနက် အသုံးပြုမှု မှတ်တမ်းသာမက Petrobras ကုမ္ပဏီရဲ့ သတင်းအချက်အလက်တွေကိုလည်း တရားမ၀င်ရယူခဲ့တာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ဘရာဇီးသမ္မတအတွက် ၁၉၉၅ခုနှစ်မှ ၂၀၁၃ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်မယ့် နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ကိုယ်ပိုင် အခွင့်အာဏာကို ထိပါးစော်ကားတာကြောင့် ခရီးစဉ်ကို ဖျက်သိမ်း လိုက်တာဖြစ်ကြောင်း ဘရားဇီးသမ္မတရုံးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံကလည်း နိုင်ငံရဲ့ လျှို့ဝှက်ဖိုင်များကို ဖော်ထုတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ NSA အဖွဲ့ဝင်ဟောင်း စနိုးဒမ်ကိစ္စရပ်များနဲ့ ပတ်သက်ပြီး မက္ကဆီကို၊ ဘရာဇီးနဲ့ ရုရှားနိုင်ငံများအပေါ် လျှို့ဝှက် စောင့်ကြည့်နေခဲ့ တာ ဖြစ်ကြောင်း သိရပါတယ်။
 


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့