Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 19 September 2013

ပထမဆုံး အကြိမ် ရာမန်ခေါက်ဆွဲ ပွဲတော် စတင်ကျင်းပ လျက်ရှိ

  ဂျပန်ရိုးရာ နာမည်ကြီး ရာမန်ခေါက်ဆွဲ ပွဲတော်ကို ရန်ကုန်မြို့ရှိ Hello Japanese Food Restaruant နာနတ်တော ဆိုင်ခွဲမှာ Amazing Ramen of
the month အမည်နဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှစပြီး ကျင်းပပြုလုပ် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ရာမန်ခေါက်ဆွဲ ပွဲတော်ကို ပထမဆုံး အကြိမ် ကျင်းပတာ ဖြစ်ပြီး အဆိုပါ ခေါက်ဆွဲ ပွဲတော်ကို ပြည်တွင်းမှာ သာမကဘဲ ပြည်ပနိုင်ငံ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ် မြို့မှာလည်း ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက်ကို ရာမန် ခေါက်ဆွဲ ပွဲတော် ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
 
ဒီလို ကျင်းပရာမှာ နီဗားဒါး ပြည်နယ် အတွင်းရှိ လော့စ်အိန်ဂျလိစ်၊ ဆန်းဂျို့စ်၊ လပ်စ်ဗီးဂတ်စ်က နာမည်ကြီး ခေါက်ဆွဲဆိုင်တွေနဲ့ ဂျပန်နိုင်ငံမှ ခေါက်ဆွဲဆိုင် မှာလည်း ရောင်းချမှု တွေပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီလို ရာမန်ခေါက်ဆွဲ ပွဲတော်ကို ပြုလုပ်ရ တာဟာ ပြည်တွင်းရှိ စားသုံးသူတွေ အနေနဲ့ သိရှိစေရန် အတွက်လည်း ဖြစ်ပြီး ဈေးနှုန်း ချိုသာစွာ စားသုံးနိုင်ရန် အတွက် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဂျပန်ရိုးရာ ခေါက်ဆွဲပွဲတော် မှာဆိုရင် လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ဂျပန်ခေါက်ဆွဲ အမျိုး ၂၀ ကျော်ကို အထူးဈေးနှုန်း ၅၀ ရာခိုင်နှုန်း discount နဲ့ တစ်လတိတိ ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့