Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 19 September 2013

မန္တလေးတိုင်း ဒေသကြီး အတွင်း တန်ဖိုးနည်း အိမ်ရာများကို လာမည့် မတ်လ အတွင်း အပြီးဆောက်လုပ် သွားမည်

  မန္တလေးတိုင်း ဒေသကြီးမှာ ဆောင်ရွက် လျက်ရှိတဲ့ တန်ဖိုးနည်း အိမ်ရာ တည်ဆောက်မှု စီမံကိန်းကို လာမယ့် ၂၀၁၄ ခုနှစ် မတ်လမှာ အပြီး တည်ဆောက်
သွားမှာ ဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်အရ သိရပါတယ်။ အဆိုပါ မန္တလေးတိုင်း ဒေသကြီးမှာ ဆောင်ရွက် လျက်ရှိတဲ့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းကို လာမယ့် မတ်လ အတွင်းမှာ အပြီး ဆောက်လုပ် သွားမယ် ဆိုပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ဧပြီလဘက်ကို ရောက်သွား နိုင်တယ်လို့ သိရပါတယ်။
 
အခုလို မန္တလေးတိုင်း ဒေသကြီးမှာ တန်ဖိုးနည်း အိမ်ရာ အဖြစ် ဆောင်ရွက် သွားမယ့် နေရာတွေ ကတော့ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြေ့သာစည် မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်၊ အကွက်နံပါတ် မမ-၁၅ မှာ ၈ ခန်းတွဲ ၄ ထပ်၊ ၂၇ လုံးကို တည်ဆောက် မှာဖြစ်ပြီး အကွက်နံပါတ် မမ-၂၆ မှာတော့ ၄ ခန်းတွဲ ၄ ထပ်ကို အလုံး ၃၀ တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါ တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်မှု ပြီးစီးပါက အိမ်ရာ ရောင်းချမှုကို ပထမဦးစားပေး အနေနဲ့ မန္တလေးတိုင်း ဒေသကြီးရှိ မြရည်နန္ဒာ ရပ်ကွက်နဲ့ အောင်သာယာ ရပ်ကွက်တို့မှ မြေယာကိစ္စ ရောင်းမှား ၀ယ်မှား ဖြစ်တဲ့လူတွေကို ရောင်းချပေးမှာ ဖြစ်ပြီး ဒုတိယ ဦးစားပေး အနေနဲ့တော့ လစာနည်းတဲ့ ၀န်ထမ်းငယ်လေး တွေကို ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ တန်ဖိုးနည်း အိမ်ရာ ရောင်းချမှုနဲ့ ပတ်သက်ပြီး ရောင်းမှား ၀ယ်မှား ရောင်းချမှု ဈေးနှုန်း ကိုတော့ သတ်မှတ်မှု မရှိသေးတာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့