Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

အကြိတ်အနယ် ရှိလာမည့် မြန်မာအသင်းနှင့် ဂျပန်အသင်း


မြန်မာ အမျိုးသမီး အသင်းဟာ အုပ်စု(ခ)ရဲ့ ပွဲစဉ်တွေမှာ အကောင်းဆုံး ယှဉ်ပြိုင် ကစား ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အမျိုးသမီး အသင်းဟာ ပြိုင်ပွဲ ၃ ပွဲ
ကစား ထားပြီး ၃ ပွဲစလုံး အနိုင်ရရှိ ထားကာ ရမှတ် ၉ မှတ်နဲ့ ပွဲစဉ် ဇယားရဲ့ ဒုတိယ နေရာမှာ ရပ်တည် နေပါတယ်။ မြန်မာအသင်းဟာ AFF Women's Championship ပြိုင်ပွဲကို ၃ ကြိမ်မြောက် အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိခဲ့ပြီး ၂ ကြိမ် ဗိုလ်စွဲထား နိုင်ပါတယ်။
 
ဒါ့အပြင် မြန်မာ အသင်းဟာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ ဂိုးပြတ်တွေနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့ တိုက်စစ်ပိုင်း မှာလည်း ခင်မိုးဝေက အကောင်းဆုံး ခြေစွမ်းပြ ကစား ထားပြီး ဂိုးအများဆုံး သွင်းယူပေးထား နိုင်တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ မြန်မာ အသင်း အနေနဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထား နိုင်သလို နည်းပြ ကုမာဒ ကလည်း ဂျပန်အသင်းကို အနိုင်ကန် သွားမှာဖြစ်ပြီး ကစားသမား များကို ဘယ်လို အသုံးပြုရမယ် ဆိုတဲ့ နည်းလမ်းကောင်း များလည်း ရှိကြောင်း ပြောကြား ခဲ့ပါတယ်။
 
မြန်မာအသင်းနဲ့တွေ့ဆုံမယ့် ဂျပန်အသင်း အနေနဲ့ ကလည်း အာရှထိပ်သီး အသင်းတစ်သင်း ဖြစ်တာနဲ့အညီ အုပ်စု ခ မှာ ၃ ပွဲယှဉ်ပြိုင် ကစား ထားချိန်မှာ ၃ ပွဲလုံး အနိုင်ရရှိ ထားပြီး ရမှတ် ၉ မှတ် ဂိုးကွာဟချက် အသာနဲ့ ပွဲစဉ်ဇယား ထိပ်ဆုံးမှ ရပ်တည် နိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ ဂျပန် အသင်းဟာ ပေးဂိုး ၂ သာ ပေးထား ရတာဖြစ်ပြီး အကောင်းဆုံး ခြေစွမ်း တွေကို ပိုင်ဆိုင် ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ အသင်းရဲ့ တိုက်စစ်နေရာ မှာလည်း ဆတ်ဆူနာနဲ့ မီယူကီ တို့က ခြေစွမ်းပြ ကစားနိုင် နေသလို အရေးပါတဲ့ ဂိုးတွေကို သွင်းပေးထား တာဖြစ်ပါတယ်။ လက်ရှိအဆင့် ရပ်တည်မှု မှာတော့ ဂျပန်အသင်းက ရမှတ် ၉ မှတ် သွင်းဂိုး ၁၆ ဂိုးနဲ့ ပွဲစဉ်ဇယားရဲ့ ထိပ်ဆုံးမှ ဦးဆောင်နိုင် နေသလို မြန်မာ အသင်းက ရမှတ် ၉ မှတ် သွင်းဂိုး ၁၄ ဂိုးနဲ့ ဒုတိယ နေရာမှာ ရပ်တည်နေတာ ဖြစ်ကြောင်း သိရပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့