Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

ဓားစာခံ ၁၀၇ ယောက်ကို ဖိလစ်ပိုင်စစ်တပ် ကယ်တင်

 ဖိလစ်ပိုင်နိုင်ငံမှာ မိုရိုအမျိုးသားလွတ်မြောက်ရေးတပ်ဦး (အမ်အန်အယ်လ်အက်ဖ်)ရဲ့ လက်နက်ကိုင်အဖွဲ့ခွဲတခုက ဖမ်းထားတဲ့ ဓားစာခံ ၁၀၇ ယောက်ကို ဖိလစ်ပိုင်စစ်တပ်က ပြီးခဲ့တဲ့ ၁၈ နာရီအတွင်း ကယ်ဆယ်နိုင်ခဲ့တယ်လို့ စက်တင်ဘာ ၁၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။

နူအာမီဆွာရီ ဥက္ကဋ္ဌအနေနဲ့ တည်ထောင်ထားတဲ့ အမ်အန်အယ်လ်အက်ဖ်ရဲ့ လက်နက်ကိုင်အုပ်စုတခုဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၉ ရက်နေ့က ဇမ်ဘိုဝမ်ဂါရဲ့ နေရာအတော်များများကို ၀င်ရောက် တိုက်ခိုက်ခဲ့ပြီးတော့ ဒေသခံရွာသား ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

အဲဒီဓားစာခံတွေထဲက ၆၆ ယောက်ကို စက်တင်ဘာ ၁၇ ရက်နေ့ မနက် ၃ နာရီမှာ ကယ်ဆယ်နိုင်ခဲ့ပြီး နောက်နာရီအနည်းငယ်အကြာမှာ ၅ ယောက် ထပ်ပြီး လွှတ်လာတယ်လို့ စစ်တပ်အရာရှိတယောက်က ဆိုပါတယ်။

ဓားစာခံ ၃၆ ယောက်ကိုတော့ စက်တင်ဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းနောက်ပိုင်းမှာ လွှတ်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကတော့ သူပုန်တွေအဖမ်းခံထားရတဲ့ မိသားစုတွေအတွက် အကြာဆုံးအချိန်ကာလတခု ဖြစ်ခဲ့ပါတယ်။

စစ်တပ်ဘက်က ပြောကြားချက်အရ သူတို့တွေဟာ သူပုန်တွေရဲ့ လှုပ်ရှားမှုတွေကို တားဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုတွေကြောင့် မလွတ်သေးပဲ ကျန်နေတဲ့ ဓားစာခံတွေကို ထိခိုက်မှာကို တချို့က စိုးရိမ်ပူပန်နေပါတယ်။

သူပုန် ၂၀ ကျော်လောက်ဟာ စက်တင်ဘာ ၁၇ ရက်နေ့က လက်နက်ချအညံ့ခံခဲ့ကြပြီး ဒီတိုက်ပွဲ မကြာခင်မှာ ပြီးဆုံးတော့မယ်လို့ မျှော်လင့်ချက်တွေ မြင့်နေကြပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့