Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 12 September 2013

အသိမ်းခံလယ်များ ပြန်ရဖို့ဆန္ဒပြသူ ထောင် ၉ လကျခံရ

တစ်နိုင်ငံလုံးမှာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့အတွက် ၃ ကြိမ် ဆန္ဒပြခဲ့တဲ့ သံတွဲမြို့ခံ ကိုစိုးဝေကို သံတွဲမြို့နယ်တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၉ လ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ဒီကနေ့ RFA ကို ပြောပါတယ်။

ကိုစိုးဝေဟာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ၂ ကြိမ်၊ စက်တင်ဘာလ ၂ ရက်နေ့က ၁ ကြိမ် သံတွဲမြို့ပေါ်မှာ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုဆန္ဒပြခဲ့တာပါ။

ပြစ်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ကိုစိုးဝေရဲ့ ညီဖြစ်သူ ကိုအောင်နိုင်က အခုလို ပြောပါတယ်။

“၉ ရက်နေ့မှာ ပုဒ်မ ၁၈ ကို တစ်မှုကို ၃ လစီနဲ့ သုံးမှုအတွက်ကို ၉ လချတယ်၊ အဲဒီ့ဥစ္စာက အလုပ်ပါပါတယ်၊ ချပြီးတာနဲ့ ချက်ချင်းထောင်ကိုပို့လိုက်တယ်၊ အယူခံဝင်ဖို့တော့ အစီအစဉ်ရှိပါတယ်”
သံတွဲမြို့နယ်ရဲစခန်းက ပထမ ၂ ကြိမ် ဆန္ဒပြတာမှာ အာမခံပေးခဲ့ပေမဲ့ ၃ ကြိမ်မြောက် ဆန္ဒပြအပြီးမှာ အာမခံမပေးတော့ဘဲ သံတွဲအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့