Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

မြန်မာ-တရုတ် နယ်စပ်ဂိတ်အား ယခုနှစ် အတွင်း ဖွင့်လှစ် သွားရန်ရှိ

ယခု ၂၀၁၃ ခုနှစ် အတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ဂိတ် ဖြစ်တဲ့ မူဆယ် ဂိတ်ဝင်ပေါက်ကို ဖွင့်လှစ် သွားဖို့ ရှိတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့
အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ လက်ရှိမှာတော့ အခုလို ဖွင့်ဖို့ အတွက်ကို နှစ်နိုင်ငံ သဘော တူညီမှုရရှိဖို့ ဆွေးနွေးမှု တွေပြုလုပ် လျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က စတင်ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရ သဘော တူညီချက် အရ တာချီလိတ်-မယ်ဆိုင်၊ မြ၀တီ-မဲဆောက်၊ ထီးခီး-ပူနာရွန်နဲ့ ကော့သောင်း-ရနောင်း နယ်စပ်ဂိတ် တို့ကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။

အဆိုပါ နယ်စပ်ဂိတ် တွေမှာ အခုလို ၀င်ထွက်ခွင့် ရရှိနိုင်ဖို့ ကိုလည်း နယ်စပ်ဂိတ်တွေမှာ သတ်မှတ် ထားတဲ့ နိုင်ငံကူး လက်မှတ်နဲ့ ပြည်ဝင်ခွင့် ဗီဇာပါရှိသူ မြန်မာ-ထိုင်း နှစ်နိုင်ငံသား များနဲ့ တတိယ နိုင်ငံသားများ အနေနဲ့ ၀င်ထွက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ဂိတ်ဝင်ပေါက် တွေမှ ၀င်ရောက်သူ တွေဟာ မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ မည်သည့် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၀င်ပေါက်၊ ထွက်ပေါက် များမှ မဆို ပြန်လည် ၀င်ထွက် သွားလာ နိုင်တယ်လို့ သိရှိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့