Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

ဝါရှင်တန် ရေတပ် စခန်းထဲသို့ သေနတ်သမား တစ်ဦးဝင်ရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း

သေနတ်သမား တစ်ဦးသည် အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့တော် ရေတပ်စခန်း အတွင်း ၀င်ရောက်၍
ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့ရာ  အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး အများအပြား သေနတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်သမားအား အသေဖမ်းဆီး ပစ်ခတ်ခဲ့ပြီး ပြည်ထောင်စုစုံစမ်း စစ်ဆေးရေး ဗျူရို (FBI) မှ ဆက်လက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ ရဲတပ်ဖွဲ့၏ စစ်ဆေးမှုများ အရ အဆိုပါ သေနတ်သမားသည် တက္ကဆက်ပြည်နယ် Fort Worth မြို့တွင် နေထိုင်သည့် Aaron Alexis ဖြစ်ပြီး အမေရိကန် စစ်တပ်၏ ၀န်ထမ်းအဖြစ် စာချုပ်ဖြင့် အလုပ်လုပ်နေသူ ဖြစ်ကြောင်း သိရသည်။ လုံခြုံရေး တင်းကြပ်သည့် ၀ါရှင်တန်မြို့တော် ၊ ရေတပ်စခန်းသို့  မည်သို့ ၀င်ရောက်ခဲ့သည်ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေပြီး မည်သည့် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခဲ့သည့်ဆိုသည့် အချက်ကို စုံစမ်းသွားမည် ဖြစ်ကြောင်း မြို့တော်ဝန် Vincent Gray မှ ပြောကြားခဲ့သည်။

http://www.usatoday.com/story/news/2013/09/17/alexis-fort-worth-life/282...


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့