Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 12 September 2013

ဆီးရီးယားကို စစ်ရေးအရေးယူဖို့ ကန်အချိန်ဆွဲထား

အမေရိကန်နိုင်ငံက ​ဆီးရီးယားရဲ့ ​ဓာတုလက်နက် ​အသုံးပြုတဲ့ကိစ္စကို ​သံတမန်ရေးအရ ​ဖြေရှင်းနိုင်ဖို့အတွက် ​စစ်ရေးအရ ​၀င်ရောက်စွက်ဖက်နိုင်မယ့် ​လွှတ်တော်ကသဘောတူညီချက်ရရှိဖို့ကို ​အချိန်ဆွဲထားတယ်လို့ ​သမ္မတ ​Barack ​Obama ​က ​ပြောလိုက်ပါတယ်။

ရုရှားနိုင်ငံက ​တင်ပြလာမယ့် ​ဆီးရီးယားရဲ့ ​ဓာတုလက်နက်အသုံးပြုမှု ​ကမ်းလှမ်းချက်ကို ​အမေရိကန် ​က ​စိစစ်သွားမှာ ​ဖြစ်ပါတယ်။ ​ဒါပေမယ့် ​မိမိပြည်သူတွေကို ​ဓာတုလက်နက် ​အသုံးပြုတိုက်ခိုက်တဲ့ ​အစိုးရအနေနဲ့ ​ထိုက်တန်တဲ့ ​အပစ်ပေးသင့်တယ်လို့ ​သမ္မတ ​အိုဘားမားက ​ပြောတဲ့အကြောင်း ​သတင်းမီဒီယာတချို့မှာ ​ဖော်ပြထားပါတယ်။

ဆီးရီးယား ​အတိုက်အခံညွန့်ပေါင်းအဖွဲ့က ​ပြောရေးဆိုခွင့်ရှိသူ ​ဒေါက်တာ ​မိုဟာမက် ​နာဂျာ ​(Dr ​Mohammed ​Najjar) ​ကတော့ ​သမ္မတ ​အိုဘားမားက ​ဆီးရီးယားကို ​စစ်ရေးအရ ​အရေးယူနိုင်အောင် ​လွှတ်တော်မှာသဘောတူညီချက်မဲရှိဖို့အတွက် ​အချိန်ဆွဲလိုက်တာကို ​စိတ်ပျက်မိတယ်လို့ ​တုန့်ပြန်လိုက်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ ​အထွေထွေအတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းကလည်း ​ဆီးရီးယားက ​ဓာတုလက်နက် ​အသုံးပြုတဲ့အပေါ် ​အရေးယူဖို့ ​တွက်တွန်းလိုက်ပြီး ​နိုင်ငံတကာအနေနဲ့ ​ဆီးရီးယား ​ပြည်သူတွေကို ​မကာကွယ်နိုင်ခြင်းဟာ ​ကုလသမဂ္ဂရဲ့ ​ရပ်တည်မှုကိုလည်း ​ထိခိုက်တယ်လို့ ​ဆိုပါတယ်။
လောလောဆယ်မှာတော့ ​ရုရှားနိုင်ငံက ​ဆီးရီးယားရဲ့ ​ဓာတုလက်နက်ကို ​နိုင်ငံတကာ ​ထိန်းချုပ်မှုအောက်မှာ ​ထားရှိဖို့အတွက် ​အမေရိကန်နိုင်ငံကို ​ပေးအပ်ခဲ့ပြီးလို့လည်း ​သတင်းတွေထွက်ပေါ်နေပါတယ်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့