Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

ကုမ္ပဏီများက သိမ်းထားသည့် မြေဧက ၃ သန်းနီးပါး ဘာမှမသုံးပဲ ရှိနေ

အရင်က လူကြီးတွေရဲ့ သားသမီးတွေ၊ အခုလက်ရှိ လူကြီးတွေရဲ့ သားသမီးတွေအပါအ၀င် ကုမ္ပဏီပေါင်း ၆ ထောင်ကျော်ဟာ မြေလွတ်မြေရိုင်း ဧက ၄ သန်းနီးပါး သိမ်းယူထားပြီး ၂၅ ရာခိုင်နှုန်းလောက်ရှိတဲ့ ဧက ၁ သန်းနီးပါးလောက်ကိုပဲ အသုံးပြုပြီး ကျန် မြေဧက ၃ သန်းနီးပါးကို ဘာမှမလုပ်ပဲ ဒီအတိုင်းထားထားတယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ လယ်ယာမြေနဲ့ မြေလွတ်မြေရိုင်း အသုံးပြုခြင်းကိစ္စ အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အဲဒီ မြေဧက ၃ သန်းနီးပါး (၂ သန်း ၉ သိန်း) နဲ့ ပတ်သက်ပြီး မြေသိမ်းထားသူတွေကို ခေါ်တွေ့မယ်၊ နောက် မလုပ်နိုင်ရင် ပြန်အပ်ခိုင်းမယ်လို့ ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

by ဒီဗွီဘီ


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့