Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 September 2013

မျက်လှည့်ပြ ခြိမ်းခြောက်ငွေလိမ်လည်တောင်းမှုများအား သက်ဆိုင်ရာက အရေးယူဆောင်ရွက်ရန်တောင်းဆို

 မျက် လှည့်ပြပြီး ခြိမ်းခြောက်သည့်သ ဘောမျိုး ငွေလိမ်လည်တောင်း သည့်အုပ်စုအား သက်ဆိုင်ရာတာ ဝန်ရှိသူများက အရေးယူဆောင် ရွက်ပေးစေလိုကြောင်း ငွေလိမ် လည် တောင်းခံရသူများက ပြော သည်။အဆိုပါအုပ်စုသည် ရွှေတိဂုံ ဘုရားအရှေ့ဘက်မုခ်နှင့် ကန်တော် ကြီးတစ်ဝိုက်တွင် မကြာခဏတွေ့ ရလေ့ရှိပြီး ပြည်သူများထံမှပိုက် ဆံများအား မျက်လှည့်ပြသလို လိုနှင့် ခြိမ်းခြောက် လိမ်လည် တောင်းခံမှုများ ပြုလုပ်နေခြင်းဖြစ် ကြောင်း သိရသည်။

''ဦးလေးတို့ကတော့ ရွှေတိ ဂုံဘုရားကို အမြဲတမ်းလိုလိုရောက် တယ်။ ရောက်တိုင်းလိုလိုပဲ သူတို့ တွေက လူတွေကို စိတ်ဝင်စားအောင် မျက်လှည့်ပြသလိုလိုနဲ့ ပြီးတော့ ပိုက်ဆံလိုက်ကောက်တယ်။ ကြည့် တဲ့သူတွေကို စကားနဲ့လှည့်ပြီး တော့ သူတို့က တောင်းတယ်။ ဒီလိုမျိုးတွေလုပ်ပြီး တောင်းတာ တွေကို တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ထိထိရောက်ရောက်နဲ့ အရေးယူ ဆောင်ရွက်တာတွေကို လုပ်ပေး စေချင်တယ်။ သူတို့တွေကတော့ ဒီနေရာပြီးရင် နောက်တစ်နေရာ ကိုပြောင်းပြီးလုပ်ဦးမှာပဲ။ ဒါမျိုး တွေကို ပပျောက်အောင် ထိထိ ရောက်ရောက်လေး ဆောင်ရွက် ပေးစေချင်တယ်''ဟု တာမွေမြို့ နယ်မှ အသက်၅ဝအရွယ် ဦးဝင်း မင်းစိုးက ပြောသည်။

ယင်းတို့မှ မြွေနှင့်မျက်လှည့် ပြပြီး အဆောင်တစ်ခုကို လက် ဆောင်ပေးပြီးသည်နှင့် ကြည့်ရှု သောသူများကို စေတနာရှိသ လောက်ပေးရန် ပြောသော်လည်း အမှန်တကယ် ငွေပေးသည့်အခါ တွင် တစ်ဦးလျှင် ကျပ် ၂၀၀ဝနှုန်း ပေးရမည်ဖြစ်ကြောင်း၊ ယင်းသို့ မပေးပါက ကျရောက်လာသော အန္တရာယ်များမှာ သူတို့နှင့်မဆိုင် ကြောင်း အစရှိသဖြင့် ပြောဆို တောင်းခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းကဲ့သို့လိမ်ညာခြင်းကို အခြားသောသူများက သိရှိကြ သော်လည်း နယ်မှဘုရားဖူးလာ သူများမှာ အများဆုံးလိမ်လည်ခံ နေရကြောင်းလည်း သိရသည်။
''အစ်ကိုကတော့ ရုံးပိတ်ရက် တွေလောက်ပဲ ရွှေတိဂုံကိုရောက် ဖြစ်တယ်။ ဒီလိုမျိုးအုပ်စုတွေကို တွေ့မြင်နေကျ ဖြစ်တဲ့သူတွေအ တွက်တော့ အညာလဲမခံရဘူးပေါ့။ ဒါပေမဲ့ မသိသေးတဲ့ပြည်သူတွေ အများကြီးရှိတယ်။ တချို့ဆို နယ် ကလာတဲ့သူတွေရှိတယ်။ တခြား မသိသေးတဲ့သူတွေအတွက်တော့ အထူးအဆန်းဆိုရင် အားလုံးက ကြည့်ချင်ကြတယ်။

သူတို့ကလဲ စပြောတော့ အလကားပေးတာ ပါ။ နောက်တော့မှ စေတနာရှိ သလောက်ကလေး ၂၀၀ဝလောက် တဲ့ဗျာ။ တကယ်လို့ စေတနာမရှိ လို့မပေးဘူးဆိုလဲရတယ်။ ဒါပေမဲ့ အန္တရာယ်ဖြစ်ရင်တော့ မတတ် နိုင်ဘူးလို့လဲပြောတော့ မပေးဘဲ နေနိုင်တဲ့သူမရှိတော့ဘူး။ နောက် ထပ်လဲ ဒီလိုမျိုးတွေထပ်ဖြစ်နေ ဦးမှာပဲ။ ဒါမျိုးတွေကိုပပျောက် အောင်ဆိုတာ တာဝန်ရှိတဲ့သူတွေ က စနစ်တကျ စည်းကမ်းတကျနဲ့ ကိုဆောင်ရွက်မှ ပပျောက်မယ့်ကိစ္စ မျိုးဖြစ်နေတယ်''ဟု ရုံးဝန်ထမ်း ကိုမျိုးမင်းထွန်းက ပြောသည်။

ယင်းကဲ့သို့မျက်လှည့်ပြသည့် ပွဲများကို အများဆုံးတွေ့ရလေ့ရှိ သည့်နေရာများမှာ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ကန်တော်ကြီး တစ်ဝိုက်၊ မဟာဗန္ဓုလလမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်တို့တွင် ရုံးပိတ်ရက်များ၌ တွေ့ရှိရမှုများ လေ့ရှိကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့