Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 10 September 2013

အလွဲသုံးစားမှု တိုင်ကြားခံရသော တရားသူကြီးကို စုံစမ်းစစ်ဆေးမည်

 ရန်ကုန် ၊ စက်တင်ဘာ ၉။      ။ အာ ဏာအလွဲသုံးစားမှု၊ လာဘ်ပေး လာဘ်ယူမှုများဖြင့် တိုင်ကြားခြင်း ခံထားရသော ရခိုင်ပြည်နယ်မှ တရားသူကြီးကို ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၈ဦး  ကတရားလိုအဖြစ် တိုင်ကြားထား သော ကြောင့် ယင်းဖြစ်ရပ်ကိုစုံ စမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ကာ စစ်ဆေးမည်ဖြစ်ကြောင်း တရား လိုတစ်ဦးဖြစ်သူ ကျောက်တော် မြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက ရန်ကုန်တိုင်းမ်နေ့စဉ်သို့ စက်တင် ဘာ ၈ရက်က တရားဝင် ထုတ်ဖော် ပြောကြားလိုက်သည်။

ယင်းဖြစ်ရပ်ကို စစ်ဆေးရန် အတွက်စစ်တွေ၊ အမ်း၊ မာန်အောင် မြို့နယ်များမှ ကိုယ်စားလှယ်ငါး ဦးဖြင့်စုံစမ်းစစ်ဆေးရေးကော်မ ရှင်ဖွဲ့ထားပြီးဖြစ်ကာ မကြာခင်စစ် ဆေးသွားမည်ဖြစ်ကြောင်း ယင်း က ဆက်လက်ပြောကြားသည်။ ယခင်က စက်တင် ဘာ ၂ရက်မှ ၁၆ရက်အထိ နှစ်ပတ်အတွင်း စစ် ဆေးသွားမည်ဖြစ်သည်ဟု သ တင်းထွက်ပေါ်နေသော်လည်း ယင်းသတင်းမှာ မဖြစ်နိုင်သေး ကြောင်း၊ လွှတ်တော်အစည်းအ ဝေးပြီးဆုံးသည့်အချိန်မှ စစ်ဆေး နိုင်မည်ဖြစ်ကြောင်း သိရ သည်။ ကျောက်တော် မဲဆန္ဒနယ်မှ ရခိုင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက ''ကျွန်တော်အပါ အဝင် ဆယ့်ရှစ်ယောက်က တရား လိုအဖြစ်တိုင်ကြားတာ။ စစ်ဆေး ရမယ့်အပိုင်းတွေက အများကြီး ရှိတော့ တစ်ရက် နှစ်ရက် တစ်ပတ် နှစ်ပတ်လောက်နဲ့ရမှာမဟုတ် ဘူး။ စစ်ရမယ့်အပိုင်းတွေက များ တယ်''ဟု ပြောသည်။

စုံစမ်းစစ်ဆေးရေးကော် မရှင်အဖွဲ့ကိုလည်း ရခိုင်ပြည်နယ် လွှတ်တော်မှဖွဲ့စည်းပေးထားခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်မေးမြန်း ရာ ''ဒီစုံစမ်းစစ်ဆေးရေး အဖွဲ့က ရခိုင်ပြည်နယ် လွှတ်တော်က ကိုယ် စားလှယ်တွေနဲ့ဖွဲ့ထားတာ။ ရခိုင် ပြည်နယ်အစိုးရအဖွဲ့နဲ့တော့ ဒီ ကိစ္စက မဆိုင်ပါဘူး။ ဒါက လွှတ် တော်ကလုပ်နေတဲ့အလုပ်ပါ''ဟု ပြောသည်။

ရခိုင်ပြည်နယ် တရားသူ ကြီးဒေါ်စီစီသည် စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အမှုတစ်ခုတွင် ကျပ်သိန်းပေါင်း လေးထောင်ကျော်လက်ခံကာ အမှုအား ပလပ်ခဲ့သည်ဟူသော စွပ်စွဲချက်များဖြင့် ပြည်သူတခိျု့ ၏တိုင်ကြား ချက်များ အရ ယခု ကဲ့သို့ ရခိုင်ပြည်နယ်လွှတ်တော် မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးမည်ဖြစ်ကြောင်း သိရ သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့