Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

လာမယ့်နှစ်များ အတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြည်ပခရီးသွားများ ပိုမိုများပြား ၀င်ရောက် လာရန်ရှိ


မြန်မာနိုင်ငံရဲ့ အဓိက လေဆိပ် တစ်ခုဖြစ်တဲ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို လာမယ့်နှစ်များ အတွင်း ပြည်ပ ခရီးသွားများ ပိုမိုများပြား
လာရောက်ဖို့ ရှိတယ်လို့ စက်တင်ဘာလ ၁၆ ရက်နေ့က ပို့ဆောင်ရေး ၀န်ကြီးဌာနမှာ ပြုလုပ်တဲ့ ညှိနှိုင်း ဆွေးနွေးပွဲမှ သိရပါတယ်။ ဒီလို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နိုင်ငံခြားသားများ ၀င်ထွက် သွားလာမှုဟာ ပြီးခဲ့တဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်နဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်းမှာ ခရီးသည် ဦးရေ ၂.၇ သန်း ၀င်ရောက် ခဲ့တယ်လို့ သိရပါတယ်။

အခုလို ၂ နှစ် အတွင်းမှာ ခရီးသည် ဦးရေ ၂၅ ရာခိုင်နှုန်း ပိုမိုဝင်ရောက် လာတာကြောင့် တာဝန်ရှိသူတွေ အနေနဲ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို တိုးချဲ့ ဆောက်လုပ်ဖို့ စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ယခု လက်ရှိ မှာလည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ခရီးသည် ဦးရေ ၃ သန်းကျော် ၀င်ရောက် လျက်ရှိပြီး လာမယ့် ၂၀၁၇ ခုနှစ်မှာ ခရီးသည် ဦးရေ ၆ သန်းကျော် ၀င်ရောက် လာနိုင်မှာ ဖြစ်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

အခုလို ပြည်တွင်းကို ပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက် လာတဲ့ အတွက် လေဆိပ်များ ထပ်မံတိုးချဲ့ တည်ဆောက်ဖို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ မြေနေရာများ ရှာဖွေခဲ့ရာ အခုအခါ မှာတော့ ပဲခူးတိုင်း ဒေသကြီးမှာရှိတဲ့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ကိုရီးယား နိုင်ငံမှ အင်ချွန်း ကုမ္ပဏီနဲ့ တည်ဆောက်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့