Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

ယာဉ်ကြော ပိတ်ဆို့မှုကြောင့် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများ ပိုမိုတင်းကျပ် သွားရန်ရှိ

  ရန်ကုန်တိုင်း ဒေသကြီး အတွင်း ယာဉ်ကြော ပိတ်ဆို့မှုကြောင့် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု များကို ပိုမို တင်းကြပ်စွာ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုကို သက်ဆိုင်ရာမှ ဖြေရှင်း ဆောင်ရွက် လျက်ရှိပြီး ဒီလို ဆောင်ရွက်ရာ မှာလည်း ခရီးသည်တင် မော်တော်ယာဉ်များ ရပ်ခြင်း၊ ခရီးသည်များ တင်ခြင်း၊ မော်တော်ယာဉ် ထွက်ခြင်း စနစ်မှ လွဲပြီး အခြားမည်သည့် ယာဉ်မျှ မရပ်နားရတဲ့ လမ်းတွေ ကတော့ ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်း၊ အင်းစိန်လမ်း၊ ဘုရင့်နောင်လမ်း၊ လေးထောင်ကန်လမ်း၊ အရှေ့ရွှေဂုံတိုင်လမ်း၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာလမ်း၊ ကန်တော်ကြီး ပတ်လမ်းနဲ့ ဝေဇယန္တာလမ်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ရန်ကုန်မြို့ရှိ ပါရမီလမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗားကရာလမ်း၊ အင်းလျားလမ်း၊ ဗိုလ်ချုပ်လမ်း၊ အောက်ပုစွန်တောင်လမ်း၊ လှည်းတန်းလမ်း၊ သမိုင်းဘူတာရုံလမ်း အစရှိတဲ့ လမ်းများ မှာလည်း မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ ရပ်နားခြင်းနဲ့ ညအိပ် ရပ်နားခွင့် များကို ခွင့်ပြုခြင်း မရှိတော့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လမ်းမများပေါ်မှာ မော်တော်ယာဉ်တွေ အနေနဲ့ အချိန်ကြာမြင့်စွာ ရပ်ခြင်း၊ ညအိပ်ခြင်း များပြုလုပ်ပါက မော်တော်ယာဉ် ဥပဒေနဲ့ စီမံချက် အရ သတ်မှတ် ထားသော ဒဏ်ငွေများနဲ့ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အခုလို စည်းကမ်းချက်များ  သတ်မှတ် ရတာဟာ ဆီးဂိမ်းကာလ ရောက်ပါက ယာဉ်ကြောများ ရှင်းလင်းနေတဲ့ အတွက် သွားရေးလာရေး ဟာလည်း ယခင်ကထက် ပိုမိုအဆင်ပြေ စေမှာ ဖြစ်ပြီး အခုလို သတ်မှတ် ထားတဲ့ စည်းကမ်း တွေကြောင့် ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြော ပိတ်ဆို့မှု ကိုလည်း အထိုက်အလျောက် ကျဆင်း စေမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့