Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

စက်တင်ဘာလ ၁၈ ရက်နေ့အတွက် မိုးလေ၀သ ခန့်မှန်းချက်

  ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တို့မှာ မုတ်သုံလေအား ကောင်းရာမှ အားအလွန် ကောင်းနေပါတယ်။ ဒီကနေ့ညနေ အထိ ခန့်မှန်းချက်
ကတော့ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ် တို့မှာ နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ တနင်္သာရီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ် တို့မှာ ဒေသ အလိုက်နဲ့ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ နေရာကွက်ပြီး မိုးကြီး နိုင်ပါတယ်။
 
မနက်ဖြန်အတွက် ခန့်မှန်းချက် ကတော့ ကမ်းရိုးတန်း ဒေသတွေမှာ မိုးဆက်လက် ပိုနေပါမယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ ခန့်မှန်းချက် ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်း ရွာပါမယ်။ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ညနေ အထိ ခန့်မှန်းချက် ကတော့ မိုးအသင့်အတင့် ထစ်ချုန်း ရွာပါမယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့