Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 September 2013

ကျပ်သိန်း၁၀ဝခန့်ဖြင့်ရောင်းမည့် ကျန်စစ်မင်းအိမ်ရာ ဒီဇင်ဘာတွင်ဆောက်မည်

လှိုင် သာယာမြို့နယ် ကျန်စစ်သားရပ် ကွက်တွင် ကျပ်သိန်း၁၀ဝပတ်ဝန်း ကျင်ဖြင့်ရောင်းချပေးမည့် အခန်း ပေါင်း၃၀၀ဝကျော် ပါဝင်သော ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ အား လာမည့်ဒီဇင်ဘာတွင် စတင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနမှ သိရသည်။

အဆိုပါကျန်စစ်မင်းတန်ဖိုး နည်းအိမ်ရာ တည်ဆောက်ရန် အတွက် မြေဧက၅ဝကျော်အသုံး ပြုသွားမည်ဖြစ်ပြီး လက်ရှိတွင် မြေနေရာတိုင်းခြင်း၊ လမ်းဖောက် ခြင်းများကိုပြုလုပ်ထားပြီး ယခုနှစ် ပွင့်လင်းရာသီရောက်ပါက နှစ်နှစ် နှင့်အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမင်းထိန်က ပြောသည်။

ဦးမင်းထိန်က ''ကျန်စစ်မင်း အိမ်ရာတည်ဆောက်ဖို့အတွက် တင်ဒါလျှောက်လာတဲ့ ဆောက် လုပ်ရေးကုမ္ပဏီတွေကို သတ်မှတ် အချက်အလက်တွေနဲ့ ပြည့်စုံတယ် ဆိုရင် ဆောက်လုပ်ခွင့်ပြုသွားမှာ ပါ။ အဓိက အခြေခံလူတန်းစား တွေ လက်လှမ်းမီနိုင်တဲ့ ဈေးနဲ့ ရောင်းချပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ''ဟု ပြောသည်။

လက်ရှိအဆိုပါကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ တည်ဆောက် မည့်မြေကွက်များပေါ်တွင် နေ ထိုင်လျက်ရှိသည့် ကျူးကျော်များ နှင့် ပြေလည်မှုရသည်အထိ ညှိ နှိုင်းကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိမြို့ရွာနှင့်အိုးအိမ်ဖွံ့ ဖြိုးရေးဌာနမှ ဆောက်လုပ်လျက် ရှိသည့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ အခန်းပေါင်း၁၉၀၀၀ ကျော်ပါဝင်သော ဧရာဝဏ်တန်ဖိုး နည်းအိမ်ရာနှင့် ရတနာတန်ဖိုး နည်းအိမ်ရာများ တည်ဆောက် ပြီးစီးပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့်ညှိနှိုင်းကာ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန် က ပြောသည်။

ဦးမင်းထိန်က ''အခုဆောက် နေတဲ့ ရတနာတန်ဖိုးနည်းအိမ်ရာ နဲ့ ဧရာဝဏ်တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေက တိုက်ပေါင်း၄၈ လုံးက အခန်းပေါင်း ၁၉၀၀၀ ကျော်ကို ကုမ္ပဏီ၃ရခုက နှစ်နှစ် စီမံကိန်းနဲ့ တာဝန်ယူဆောက်နေ တာပါ။ လာမယ့် ၂၀၁၆ခုနှစ်မှာ ဒီအိမ်ရာတွေပြီးရင် တိုင်းဒေသ ကြီးအစိုးရနဲ့ ဈေးနှုန်းညှိနှိုင်းပြီး ပြည်သူတွေကို ရောင်းချပေးသွား မှာပါ''ဟု ပြောသည်။

လက်ရှိ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ် နေသည့် တန်ဖိုးနည်းအိမ်ရာများ အား လူလတ်တန်းစားများ ဝယ် ယူနိုင်မည့် ကျပ်သိန်း ၁၀ဝပတ် ဝန်းကျင်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ပြီး အဆိုပါတန်ဖိုးနည်း အိမ်ရာဝယ်ယူလိုသူများအား နှစ် ရှည် ငွေချေးဝန်ဆောင်မှုပေးမည့် တန်ဖိုးနည်းအိမ်ရာဘဏ်အား လာ မည့်ဇန်နဝါရီတွင် ရွှေတိဂုံဘုရား လမ်း အမှတ်၆ဝတွင် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ လှိုင်သာယာ မြို့နယ်တွင် တည်ဆောက်မည့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်တွင်လည်း ရတနာတန်ဖိုး နည်းအိမ်ရာနှင့် ဧရာဝဏ်တန်ဖိုး နည်းအိမ်ရာများအား ဆောက် လုပ်လျက်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် တွင် ဗိုလ်ဗထူး၊ ဗိုလ်မင်းရောင် တန်ဖိုးမျှအိမ်ရာနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ဧရာဝဏ်တန်ဖိုးမျှ အိမ်ရာနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်း တွင်လည်း မင်းရဲကျော်စွာတန်ဖိုး မျှအိမ်ရာများအား ဆောက်လုပ် ရေးကုမ္ပဏီများနှင့် ပူးပေါင်းကာ တည်ဆောက်သွားမည်ဖြစ်သည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့