မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ စီစဉ်တဲ့ကိစ္စကြောင့် အချုပ်အခြာအာဏာကို ထိပါးစရာ အကြောင်းမရှိဘူးလို့ မြန်မာ့အရေး ကျွမ်းကျင်သူတဦးက ပြောကြားလိုက်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ အပြန်အလှန် ပြောကြားလာကြတဲ့အထဲမှာ ပြင်ဆင်ရင် နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိခိုက်စေဖို့ ကတိပေးသူတွေ ရှိလာချိန်မှာ အမေရိကန်ပြည်ထောင်စု Georgetown တက္ကသိုလ် ပါမောက္ခ David Steinberg က ဗွီအိုအေမြန်မာပိုင်းကို ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဦးကျော်ဇံသာ က တင်ပြထားပါတယ်။
ပါမောက္ခ David Steinberg က မြန်မာနိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ နည်းမကျဘူးဆိုတဲ့ အချက်ကို ပထမဦးစွာ ထောက်ပြပါတယ်။ အဓိကအားဖြင့် သူ ထောက်ပြတာကတော့ လွှတ်တော်မှာ ရွေးကောက်တင်မြှောက်ခြင်း ခံရသူတွေ မဟုတ်သော စစ်တပ်ကိုယ်စားလှယ်တွေ ပါဝင်နေတာ၊ တခါ ဗဟိုနဲ့ ဒေသန္တရ အုပ်ချုပ်ရေးတို့ရဲ့ အာဏာခွဲဝေမှု မမျှတတာကို သူ ထောက်ပြပါတယ်။
သမ္မတလောင်း အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး တမင် ကန့်သတ်ဟန့်တားချင်လို့ လုပ်ထားတယ်ဆိုရင်တော့ ဒါဟာ မသင့်လျော်ဘူးလို့လည်း သူက ပြောပါတယ်။
“ဒီ အမေရိကန်ပြည်ထောင်စုမှာလည်း သမ္မတဖြစ်မယ့်သူဟာ ဒီနိုင်ငံတွင်းမှာ မွေးဖွားသူ ဖြစ်ရမယ်ဆိုတာမျိုး ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း သမ္မတရဲ့ မိသားစုဝင်တွေ ပြည်ပသစ္စာခံ မဖြစ်စေရဆိုတာ ပြည်သူလူထု သဘောတူရင်လည်း ပြဌာန်းနိုင်ပါတယ်။ ဒါပေမဲ့ ဒီပြဌာန်းချက်ဟာ လူပုဂ္ဂိုလ်တဦးတယောက်ကို ကန့်သတ်ချင်လို့ လုပ်ထားတယ်ဆိုရင်တော့ ဒါဟာ မသင့်တော်ပါဘူး။”
ဒီလို ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ကိစ္စဟာ ပြည်သူလူထုအများရဲ့ ဆန္ဒသဘောထားနဲ့ ကိုက်ညီမှု၊ နိုင်ငံတော်အချုပ်အခြာအာဏာကို ထိခိုက်စရာအကြောင်းရှိတယ်။ ဒါကို သတိထားရမယ် စသဖြင့် ခြိမ်းခြောက်သံတွေလည်း ပေါ်ထွက်နေတာပါ။ ပြောနေကြတဲ့သူတွေလည်း ရှိနေတာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ရော ပါမောက္ခ Steinberg က အခုလို ပြောပါတယ်။
“နိုင်ငံခြားကို မှီခိုအားထားပြီး သူတို့က ဘာလုပ်ဆိုတာကို လိုက်လုပ်တယ်ဆိုရင်တော့ အချုပ်အခြာအာဏာကို ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းဆန္ဒသဘောအတိုင်း လုပ်ဆောင်နေသမျှတော့ အချုပ်အခြာအာဏာကို ထိခိုက်စရာအကြောင်း မမြင်ပါဘူး။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံဟာ အချုပ်အခြာအာဏာ ကာကွယ်ရေးအတွက် အထူးသတိထား ရေးဆွဲထားတာကို ကျနော် တွေ့ရပါတယ်။ ဒါကိုလည်းပဲ တပ်မတော်ကလည်း နှစ်ပေါင်း ၅၀ လုံးလုံး ပြောလာခဲ့တာပါ။ ဒါကြောင့် အခု ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ အချုပ်အခြာအာဏာ ပတ်သက်စရာ အကြောင်း မရှိဘူးလို့လည်း ထင်ပါတယ်။ ပြည်ပကစစ်တပ်တွေ မြန်မာ့မြေပေါ် တပ်စွဲခွင့် မရှိစေရလို့လည်း ပြဌာန်းထားတာပါ။ ဒါကြောင့်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ ပြည်သူလူထုဆန္ဒနဲ့အညီ ပြင်ဆင်ခြင်းဟာ အချုပ်အခြာအာဏာနဲ့ ဘာမှ မဆိုင်ပါဘူး။”
အဲ့လို အချုပ်အခြာအာဏာနဲ့ ခြိမ်းခြောက်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဟန့်တားဖို့ ကြိုးပမ်းတာဟာ တကယ်တော့ နိုင်ငံ့အကျိုးထက် သူတို့ပါတီရဲ့ အကျိုးအတွက် ပိုခြိမ်းခြောက်ခြင်းဖြစ်တယ်လို့ သုံးသပ်သူတချို့လည်း ရှိကြပါတယ်။ ဒီနေရာမှာ ပါမောက္ခ Steinberg ကတော့ နိုင်ငံရေးသမားတွေဟာ နိုင်ငံ့အကျိုးထက် ပါတီအကျိုးကို ဦးစားပေးကြတယ် ဆိုတာကတော့ မြန်မာနိုင်ငံ တနိုင်ငံတည်းသာမကပါဘူးတဲ့။ နိုင်ငံတကာမှာလည်း ဒီလိုမျိုးတွေ ရှိပါတယ်တဲ့။
သို့သော်လည်းပဲ သူ အဓိကပြောလိုတဲ့အချက်ကတော့ ပါတီတခုအနေနဲ့ တနည်းအားဖြင့် ပါတီနိုင်ငံရေးသမားတွေအနေနဲ့ ပြည်သူလူထုရဲ့ဆန္ဒကို ငဲ့ကွက်ပြီး ကိုယ့်ပါတီအကျိုးထက် နိုင်ငံ့အကျိုးကို ဦးစားပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တော့ သူတို့ဟာ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည်။ ပြည်သူလူထုအကျိုးကို သယ်ပိုးဆောင်ရွက်ပါမည်လို့ နိုင်ငံရေးပဋိဉာဉ် ခံထားရတဲ့သူတွေ၊ ဖွဲ့စည်းပုံဥပဒေအရ ကျမ်းသစ္စာကျိန်ဆိုထားတဲ့သူတွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
တချို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လိုလားပေမဲ့ ဒီလိုပြင်ဆင်လိုက်ခြင်းအားဖြင့် တနည်းအားဖြင့် ဒီပြင်ဆင်ရေးဖြစ်စဉ်ကြောင့် နိုင်ငံအတွင်းမှာ တင်းမာမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ စိုးရိမ်တဲ့သူတွေလည်းပဲ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ကတော့ ပါမောက္ခ Steinberg ကတော့ ဒါဟာ စိုးရိမ်စရာ မဟုတ်ဘူးလို့ သူက ယူဆပါတယ်။
“ဖွဲ့စည်းပုံပြင်ဆင်မယ်ဆိုရင်တော့ တင်းမာမှုကတော့ ရှိမှာပါပဲ။ ပြင်ဆင်ရေးကို တချို့က လိုလားမယ်။ တချို့က ဆန့်ကျင်မယ်။ တင်းမာမှုကတော့ ရှိမှာပါပဲ။ ဒါဟာ ဒီမိုကရေစီရေးအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း တရပ်ပါ။ သဘောထားကွဲလွဲတာကို လက်ခံနိုင်ကြောင်း ပြသတဲ့အချက်ပါ။ ဒီမိုကရေစီမှာ အာဏာဗဟိုဟာ တနေရာတည်းမှာ စုနေတာမဟုတ်ပါဘူး။ ဗဟိုမှာရှိမယ်။ ဒေသန္တရ အလိုက်ရှိမယ်။ နောက်ပြီး အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးကြားမှာလည်း သဘောကွဲတာရှိမယ်။ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမှာလည်း သဘောကွဲတာတွေရှိပါတယ်။ ဒါတွေဟာ တစုံတရာအထိ တင်းမာမှုရှိတဲ့သဘောပါ။ အရေးကြီးတာက ဒီတင်းမာမှုဟာ ဘယ်လိုတင်းမာမှုမျိုးလဲ၊ နိုင်ငံတော်ကို အပျက်အစီးလုပ်မယ့် တင်းမာမှုမျိုးလား၊ အပြုသဘောဆောင်တဲ့ တင်းမာမှုလားဆိုတာပဲ ဖြစ်ပါတယ်။ အချိန်တန်ရင် ပျက်ပြယ်သွားရမှာလည်း ဖြစ်ပါတယ်။”
ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ လွှတ်တော်အမတ်တွေရဲ့ မဲဆန္ဒ ၇၅ ရာခိုင်နှုန်းထက် သုံးပုံနှစ်ပုံ မဲနဲ့ ဆုံးဖြတ်ပြီး လူထုဆန္ဒခံယူပွဲလုပ်ရင် ပိုကောင်းတယ်လို့လည်း ပါမောက္ခ Steinberg က ဆိုပါတယ်။ ပုံမှန်အားဖြင့် ဖွဲ့စည်းပုံဆိုတာဟာ လွယ်လင့်တကူ ပြောင်းလဲလို့ရတဲ့ ကိစ္စမျိုးတော့ မဖြစ်သင့်ဘူးလို့လည်း သူက ထောက်ပြပါတယ်။ ရေရှည်ခိုင်မြဲစေမယ့် တန်ဖိုးထားမှုတွေကို ဖော်ဆောင်ရေးဆွဲရမယ်လို့ ဆိုပါတယ်။ ဒီလိုဖော်ဆောင်ရေးဆွဲဖို့ကလည်း ပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့ ကိုက်ညီဖို့ လိုအပ်တယ်လို့ ပါမောက္ခ Steinberg က ပြောကြားသွားပါတယ်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday 19 September 2013
ဖွဲ့စည်းပုံပြင်လို့ အချုပ်အခြာအာဏာ မထိခိုက်နိုင်
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
September
(737)
- မန္တလေးရှိုးပွဲ အုပ်စုဖွဲ့ရန်ပွဲတွင် ပါဝင်သူများ ဖမ်...
- လူငယ်တစ်ဦးက လမ်းသွားလမ်းလာများအား ဓာတ်ဆီဖြင့်ပက်၍ ...
- ရခိုင်တိုင်းရင်းသားများ မကာကွယ်ပါက မြန်မာမြေပုံ ယခ...
- တိုင်းရင်းသား အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဥပ...
- စက်တင်ဘာလ(၂၆)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမ...
- စက်တင်ဘာလ(၂၅)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင...
- ဒေသဖွံ့ဖြိုးရေး ရခိုင်တိုင်းရင်းသားတွေနဲ့ သူရဦးရွှေ...
- လက်ပံတောင်းအရေး ဆန္ဒပြသူများ ရဲတပ်ဖွဲ့နှင့် ရုန်းရင...
- လယ်တီသိမ်ကို ထိန်းသိမ်းဖို့ ချီတက်လမ်းလျှောက် သူေ...
- မအားသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ကွမ်းယာဆု...
- လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှုအတွက် မြန်မာအစို...
- အတည်ပြုလိုက်တဲ့စည်ပင်ဥပဒေမူကြမ်းမှာ ငွေနှင့်ထောင်ဒ...
- မိခင်ကို သားဖြစ်သူက သတ်တဲ့ လူသတ်မှု
- သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ သံတွဲတွင် ရုန်းရင်း...
- အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာကို တက္ကသိုလ် ...
- လယ်သမားတွေကို သင့်တော်တဲ့ လျော်ကြေးပေးခဲ့ကြောင်း ဒ...
- နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်မယ်လို့ ဗိုလ်ချုပ်...
- ဆန့် ကျင်ဖက် ယာဉ်ကြောကို ပိတ်ရပ်ထားတဲ့ တပ်မတော် ဆေ...
- ဒုဝန်ကြီး ၂၃ ဦးပါ ကော်မတီ ၂၆ ခု ဖွဲ့စည်း
- စက်တင်ဘာလ(၂၇)ရက်နေ့ ထုတ် M Plaza Shopping Journal ...
- သိမ်းဆည်းလယ်ယာမြေ တချို့ ပြန်ပေးမယ်လို့ ပြန်ကြားေ...
- နေပြည်တော် ဝဲကြီးရွာက ရဲနဲ့ ပဋိပက္ခ ရွာသား ၁ဝ ဦးကို...
- ဖွဲ့စည်းပုံပြင်မလား၊ အသစ်ရေးမလား ပြည်သူ့ဆန္ဒရယူမည်
- မီတာထိန်းသိမ်းခ အစိုးရ လျှော့ချကောက်ခံမည်
- တောင်ကြီးမှာ စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတချို့ ပြ...
- သမ္မတရုံးဝန်ကြီးတစ်ဦးပိုင်ဆိုင်သည့် ခြံမြေလှည်းကူး၌...
- ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းအမှုကို မန္တလေး တိုင်းေ...
- သတ်မှတ်ရက်လွန် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့...
- သမ္မတကြီးမှာကြားချက်နှင့် ရဲမှူးဦးဝင်းနိုင်ပြောကြား...
- ကျွန်တော်နဲ့ ဦးအောင်မင်း ၊ ဦးခင်ရီ တို့ကို လာတိုက်...
- ထမံသီ စီမံကိန်း ဖျက်သိမ်းပြီ
- မြေယာစီမံခန့်ခွဲရေး သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)
- ရဲရွာစီမံကိန်းအတွင်း သိမ်းယူခဲ့သော ဥယျာဉ်ခြံမြေတွေ...
- စက်တင်ဘာလ(၂၆)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ...
- ကသာမြို့နယ်မှာ လယ်သမား ၃ဝဝ ကျော် ဆန္ဒပြ
- ကော့သောင်းထောင် အကျဉ်းသား ၁၂၀ခန့် မော်လမြိုင်ထောင်...
- မြေသိမ်းခံရမှုများတွင် တည်ဆဲဥပဒေများနှင့်အညီ တိတိကျ...
- သိမ်းထားသည့်မြေယာများ အစိုးရသက်တမ်းအတွင်း ပြန်ပေးမည်
- လျှော်ကြေး ရယူထားခြင်း မရှိသေးသော လယ်မြေ အပေါ်သို့ ...
- မင်းကင်းမြို့ရှိ စာသင်ဝိုင်းတစ်ခုမှ ကလေးငယ်များအား...
- လယ်ယာမြေ အငြင်းပွားမှု ဖြစ်စဉ်တွင် တောင်သူများကို ဆ...
- မမြင်လိုက်ရတဲ့ ဖြစ်စဉ်နိဂုဏ်း
- ဒုကာချုပ်ဟောင်းမိသားစုဝင်များကို အစိုးရစက်မှုဝန်ကြီ...
- Ooredoo က အလုပ်သမား ၃သောင်းခန့်မည်
- အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ
- OIC နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ ရိုဟင်ဂျာ ကိစ္စေ...
- အောက်တန်းကျတဲ့ နိုင်ငံရေးဟု ၀န်ကြီးဦးစိုးသိန်းပြော...
- မူဆယ်မြို့လယ်ရှိ နေအိမ်အား အကြမ်းဖက်ဝင်ရောက် တိုက်...
- ရဲစခန်းတွင် မသင်္ကာတရားခံများအား စစ်ဆေးမှုများကို စီစ...
- ကားရထားနှင့် ပါဂျဲရိုးတိုက်မိ
- ကိုယ်ထူကိုယ်ထလမ်းအား ပါတီတခုမှ ဝင်ရောက်နာမည်ကောင်း...
- နမူနာပေးပို့ သော ရေကျိုငါးပိအချို့ ယူရီးယားပါဝင်ြေ...
- သစ်တောမှ လုပ်ပိုင်ခွင့် ပြုထားခြင်းမရှိဘဲ သစ်တောဌာ...
- အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့ နိုင်...
- အခြေခံဥပဒေပါ တရားမျှတမှု မရှိသည့် ကိစ္စ အသက်နှင့်လဲ ...
- » စင်ကာပူ ကျောင်းသား ၃၀ ရန်ကုန်တွင် အစာအဆိပ်သင့်
- လွှတ်တော်အမတ်ဦးဆောင်သည့် ရေလွှမ်းမိုးမှုပြဿနာဖြေရှင်...
- ၂၀၁၄ ဆက်သွယ်ရေး ဈေးကွက်လုပွဲ
- သို့ နိုင်ငံတော်သမ္မတကြီး
- ကင်တားနားအား မြန်မာ့လူ့အခွင့်အရေး ကိုယ်စားလှယ် တာ...
- “သိန်းတစ်ရာမမက်သော တောသူမ”
- တရုတ် စစ်တပ်အရာရှိကြီးတွေ စစ်ဆေးခံရမယ်
- ၂၀၁၅ DV ကံစမ်းမဲ Online လျှောက်လွှာ အောက်တိုဘာ ၁ ရက...
- သမ္မတဟောင်း Carter ဦးဆောင်တဲ့ The Elders အဖွဲ့ နေပြ...
- လူကုန်ကူး ခံရသည့် အမျိုးသမီး လေးဦးအား မိဘများ ထံြ...
- မြန်မာအမျိုးသားနဲ့  မလေးနိုင်ငံသူဇနီးကို ပြစ်ဒဏ်ခ...
- စက်တင်ဘာလ(၂၆)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- စက်တင်ဘာလ(၂၆)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
- စက်တင်ဘာလ(၂၈)ရက်နေ့ ထုတ် Tech Space နည်းပညာ Vol 2 ...
- စက်တင်ဘာလ(၂၈)ရက်နေ့ ထုတ် Net Guide Journal Vol 3 No 3
- စက်တင်ဘာလ(၂၇)ရက်နေ့ ထုတ် Hot News Weekly Journal V...
- ရွှေတောင်မြို့ နယ် ဘောလုံးပွဲတွင် ပရိသတ်နှင့် လုံခြ...
- အစိုးရနှင့် ပြည်သူ ထိပ်တိုက် ပြဿနာတွေ့လျှင် ထိခိုက...
- ဆန်စက်တည်ဆောက်မှုအား ရပ်ကွက်နေပြည်သူများ ကန့် ကွက်
- ရေလွှမ်းမှုကြောင့် လယ်ဧကခြောက်သိန်းကျော် ပျက်စီး
- ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်မည်ဆိုပါက တရား...
- ချောက်ထဲပြုတ်ကျသည့် အမျိုးသမီးကို ကယ်တင်နိုင်ခဲ့
- ခရီးသည်လုခေါ်၍ အချင်းများရာမှ ခရီးသည်တစ်ဦး သေဆုံး
- မဲဆောက်တွင် မြန်မာနိုင်ငံကူးလက်မှတ်အတု ဖမ်းဆီးရမိ
- ပါကစ္စတန်တွင် ငလျင်ကြောင့် သေဆုံးသူ ၂၀၈ ဦးရှိပြီ
- အစိုးရနှင့် ပြည်သူ ထိပ်တိုက် ပြဿနာတွေ့လျှင် ထိခိုက...
- ကလေးငယ်တစ်ဦးကို လိမ်လည်ခေါ်ဆောင်သူနှင့် အဓမ္မခိုင်းေ...
- ညသံစဉ်ကြားမှ ဘ၀ခါးခါး
- ထောက်ကူသူများဖြင့် ပိုမြိုင်လာသည့် ငြိမ်းချမ်းရေးခရီး
- ရည်းစားဟောင်းကို အဓမ္မပြုကျင့်၍ မဖွယ်မရာ ဓာတ်ပုံရို...
- စစ်ကိုင်းယာဉ်ထိန်းတပ်ဖွဲ့၏ ဥပဒေမဲ့ မြင်ကွင်း (ရုပ်...
- ကျောင်းထဲဝင်ပြီး သံဃာတော်အား ရိုက်နှက်မှုဖြစ်
- ဆားခါတောင် သာသနာ့နယ်မြေမှ သဘာဝ ကျောက်တုံးများကို ခ...
- မျိုးဆက်ပျောက်ကွယ်တော့မည့် ထရုန်လူမျိုး သုံးဦးသာ က...
- တန်ဖိုးမဖြတ်နိုင်သော မိုးကုတ်မြေ ဧက ငါးထောင်ခန့် သ...
- လူထုမဲဖြင့် မြို့နယ်စည်ပင်ဥက္ကဋ္ဌများ ရွေးနိုင်မည့် စ...
- သစ်ခုတ်ခဲ့သည့်အမှားများကို လူမှုရေးလုပ်ငန်းများဖြင့...
- NLD၂ဝ၁၅ ရွေးကောက်ပွဲ မှာ ကုလားမယား ကုလားအားပေး ဒေါ်...
- လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရေး ကမ္ဘာ့ဘဏ်ကူညီမည်
- လူကူးမျဉ်းကျားတွင် အရှိန်မလျှော့ဘဲမောင်းသည့် ယာဉ်မ...
- ချို့တဲ့ ကျောင်းသားများအား အာဟာရ တိုက်ကျွေးရေးအဆို...
- ရုပ်သံဟာသ
- အရက်ကြောင်ကြောင်နေသည့် ဖခင်က တစ်မိသားစုလုံးကို ဓား...
- ကင်ညာကုန်တိုက်တွင်း ဓားစာခံတွေ ဖမ်းဆီးခံထားရဆဲ
- စက်တင်ဘာလ(၂၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
-
▼
September
(737)
No comments:
Post a Comment