Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

ဆက်သွယ်ရေး နည်းဥပဒေအား နိုင်ငံတကာ စံနှုန်းများနဲ့ အညီ အမြန်ဆုံး ရေးဆွဲ သွားမည်

  ဆက်သွယ်ရေး ဥပဒေကို အတည်ပြု ပြဋ္ဌာန်း ပြီးပါက နိုင်ငံတကာ စံနှုန်းများနဲ့ အညီ နည်းဥပဒေ များကို အမြန်ဆုံး ရေးဆွဲ သွားမှာဖြစ်ပြီး လုပ်ငန်းတွေ
ကိုလည်း အဆိုပါ နည်းဥပဒေ အတိုင်း အကောင် အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ သိရပါတယ်။ အခုလို အဓိကထား လုပ်ဆောင် သွားမယ့် အချက်တွေ အနေနဲ့ ကတော့ ဆက်သွယ်ရေး ၀န်ဆောင်မှုမှာ ဈေးကွက် ယှဉ်ပြိုင်မှု အနေနဲ့ ပါဝင် လာမယ့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများ အတွက် ယုံကြည်မှု ရှိစေမယ့် နည်းဥပဒေ အချက်အလက်များ အပြင် ဆက်သွယ်ရေး ၀န်ဆောင်မှု ကိုလည်း ကျေးလက်၊ မြို့ပြ ဒေသရှိ ပြည်သူများ အနေနဲ့ အရည်အသွေးနဲ့ ဈေးနှုန်းကို ရွေးချယ် သုံးစွဲနိုင်ခွင့် ရရှိစေနိုင်တဲ့ အချက်အလက်များ နည်းဥပဒေမှာ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အခြား အပြည်ပြည်ဆိုင်ရာ နိုင်ငံများမှာ ကျင့်သုံးတဲ့ နည်းဥပဒေ ဆိုင်ရာ အချက်များမှ ပြည်တွင်းနဲ့ ကိုက်ညီမယ့် နည်းဥပဒေ အချက်များ အပြင် စာချုပ် ဖောက်ဖျက်ခြင်း၊ သတ်မှတ်ချိန် လုပ်ငန်းများ ပြီးစီးမှုမရှိခြင်း၊ အခွန်ဆောင်မှု မရှိခြင်းများနဲ့ ပတ်သက်ပြီး တော့လည်း ဆောင်ရွက် နိုင်မယ့် နည်းဥပဒေ ဆိုင်ရာတွေ ကိုပါ ထည့်သွင်း ရေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ နည်းဥပဒေ အတွင်းမှာ နိုင်ငံတော် လုံခြုံရေးနဲ့ နိုင်ငံတော်ရဲ့ ဆက်သွယ်ရေး ကွန်ယက် လုံခြုံမှုကို ကာကွယ်ပေး နိုင်မယ့် နည်းဥပဒေ ဆိုင်ရာ အချက်အလက် တွေလည်း ပါဝင်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ဆက်သွယ်ရေး ဥပဒေ ကိုတော့ ယခုနှစ်ကုန်ပိုင်း အတွင်း ပြဋ္ဌာန်း နိုင်ဖို့ အတွက် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့