Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 16 September 2013

ရာသီဥတုကြောင့်ကွန်ကရစ်တံတားတိုင် ၁ တိုင်ကျိုး

၁၅-၉-၂၀၁၃ ရက်နေ့ ၁၀၁၅ အချိန် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက် မိုင်တိုင် အမှတ်(၆၇/၃-၄)ကြားရှိ တံတားအမှတ်(၄/၆၈)၊ အရှည် ၇၅ ပေ၊ အကျယ် ၂၄ ပေရှိ ခင်နိမ်းမူ ကွန်ကရစ်တံတားသည် ရာသီဥတုဒဏ်ကြောင့် ရေလယ်တိုင် ၄ တိုင်အနက် ၁ တိုင်မှာ ကျိုးကျ သွားခဲ့သည်။

အခင်းဖြစ်နေရာသို့ ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ၀န်ထမ်းများနှင့် မြို့နယ်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှဝန်ထမ်းများ သွားရောက် စစ်ဆေးခဲ့ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အဆင်းကုန်တင်ယာဉ်ကြီးများအား တံတားနှင့် ၁ မိုင်ခန့်အကွာ ရန်ကုတ်ကျေးရွာတွင်လည်းကောင်း၊ အတက်ကုန်တင်ယာဉ်များအား တံတားစစ်ဆေးရေး ဂိတ်နှင့်နယ်မြေခံတပ်ဝင်းအတွင်းတွင်လည်းကောင်း ခေတ္တရပ်နားထားစေပြီး ယာဉ်ငယ်များအား တစ်စီးချင်း ဖြတ်သန်းမောင်းနှင် စေလွှတ်ပေးလျက်ရှိကြောင်း၊ ယာဉ်သွားလာမှုနှင့် လမ်းရှင်းလင်းရေးအား ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှဝန်ထမ်းများက တံတားအားပြန်လည်ပြုပြင်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့