Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 September 2013

မလေးရှား နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် စင်ကာပူ နိုင်ငံ သမ္မတ

စင်ကာပူ သမ္မတ Tony Tan Keng Yam သည် စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ မလေးရှား နိုင်ငံသို့ ၃ ရက်ကြာ သွားရောက်မည် ဖြစ်ကြောင်း
နိုင်ငံခြားရေးရာ ၀န်ကြီးဌာနမှ ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ် ကတည်းက မလေးရှား နိုင်ငံသို့ အလည်အပတ် သွားရောက်မှု ရပ်ဆိုင်းထားခဲ့ရာမှ ယခုအခါ ပထမ အကြိမ်အဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

Tan သည် အသက် ၈၄ နှစ် ရှိပြီဖြစ်သော မလေးဘုရင် Sultan Abdul Halim နှင့် ၀န်ကြီးချုပ် Najib Razak တို့နှင့် တွေ့ဆုံလိမ့်မည် ဖြစ်သည်။ ထို့ပြင် မလေးရှား နိုင်ငံ၏ ထိပ်တန်း တက္ကသိုလ် ဖြစ်သော Malaya ၊ စီမံချက် ဒေ သဖြစ်သော Putrajaya ရှိ PERMATA Negara ကလေးထိန်း ဌာနနှင့် အစ္စလာမ် အနုပညာ ပြခန်းသို့ သွားရောက်လိမ့်မည် ဖြစ်သည်။ စင်ကာပူနိုင်ငံသို့ မပြန်လာခင်တွင် Malacca ရေလက်ကြားသို့လည်း သွားရောက်မည် ဖြစ်သည်။ Tan နှင့်အတူ ဇနီးသည် Mary Tan၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး Khaw Boon Wan နှင့် ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပါလီမန် အတွင်းရေးမှူး Muhammad Faishal Ibrahim တို့ လိုက်ပါကြမည် ဖြစ်သည်။

http://www.channelnewsasia.com/news/singapore/president-tony-tan-meets/8...

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့