လျှိဝှက်ဥယျာဉ်

Search This Blog

Loading...

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 20 September 2013

စွန့်ပစ်ရေတွင်းထဲတွင်း ၁၅ရက်ပိတ်မိခဲ့သည့် တရုတ်အမျိုးသမီး


အသက် ၃၈နှစ်အရွယ်ရှိ တရုတ်အမျိုးသမီး ဆုရှီယူ ဟာ အနက် ၁၂ပေရှိတဲ့ ရေတွင်းထဲမှာ ၁၅ရက်ကြာ ပိတ်မိခဲ့ပြီး အသက်ရှင်လျက်
ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်ရပ်ဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဟေနန်စီရင်စုမှာ စက်တင်ဘာလ ၁ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး သူမကို တရုတ် မီးသတ်သမားတွေက ပြီးခဲ့တဲ့ တနင်္လာနေ့ နေ့လည်မှာ ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူမပြုတ်ကျခဲ့တဲ့ ရေတွင်း ပတ်ပတ်လည်မှာ ရှည်လျားတဲ့ ပြောင်းဖူးပင်တွေ ၀န်းရံနေတာကြောင့် လူတွေအလွယ်တကူ မတွေ့နိုင်ဘဲ ရေတွင်းနံရံဟာလည်း ချောမွေ့လွန်းတာကြောင့် သူမဟာ အပေါ်မတက်နိုင်ဖြစ်ခဲ့ရတာလို့ သိရပါတယ်။ ရေတွင်းထဲကျနေတဲ့  ၁၅ရက်လုံးမှာတော့ သူမဟာ ပြောင်းဖူးအစိမ်းတွေစားပြီး မိုးရေသောက်သုံးကာ အသက်ရှင်သန်ခဲ့တာ ဖြစ်တယ်လို့ သူမရဲ့ခင်ပွန်းဖြစ်သူက ပြောကြားခဲ့ပါတယ်။

သူမဟာ ကယ်ဆယ်ပြီးနောက်ပိုင်း ယခုထိ စကားပြောဆိုနိုင်သေးခြင်း မရှိသေးဘဲ ကိုယ်တွင်းအင်္ဂါတွေ ကောင်းမွန်ဖို့လည်း အချိန်ယူရဦးမှာဖြစ်ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရတော့ဘဲ အရည်တွေကို သောက်သုံးနိုင်နေပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း လူ ၅ဦး ရေတွင်းထဲပြုတ်ကျခဲ့ပြီး အဲ့ဒီဖြစ်စဉ်မှာတော့ ငါးဦးစလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့