Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 September 2013

လှိုင်သာယာစက်မှုဇုန်အတွင်းရှိ အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံခဲ့ခြင်း


စက်တင်ဘာလ(၇)ရက်နေ့က လှိုင်သာယာ စက်မှုဇုန် ကနောင်ခန်းမမှာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေအနေနဲ့
အလုပ်ရှင်၊ အလုပ်သမား၊ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အခုလိုပြုလုပ်ရာမှာတော့ လုပ်ငန်းရှင်တွေနဲ့ လုပ်သားတွေဟာ အပြန်အလှန် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဖြစ်ကြစေရန်နဲ့ လုပ်သားအင်အားနဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ၀န်ထုပ်ဝန်ပိုးမဖြစ်အောင် ဆောင်ရွက်စေလိုတယ်လို့ အဆိုပါဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးထင်အောင်ရဲ့ ပြောပြချက်အရ သိရပါတယ်။
 
ဒါ့အပြင် အလုပ်ရှင်အလုပ်သမားများအနေနဲ့ လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်တာနဲ့ အမျှ အရည်အသွေးမီတဲ့ ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ပြီး ၀င်ငွေကောင်းမွန်တဲ့ လုပ်သားတွရဲ့ လူနေမှုဘ၀ကိုမြှင့်တင်နိုင်ရန် ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ဒုတိယ၀န်ကြီးဟာ Great Forever  ဇာပန်းထိုးစက်ရုံ၊ Hallmark  "ဟော မတ်စ်" အထည်ချုပ်စက်ရုံနဲ့ လှိုင်သာယာစက်မှုဇုန်အတွင်းရှိ စက်ရုံ(၆)ခုတို့ကို လှည့်လည်ကြည့်ရှု ခဲ့တယ်လို့ သိရှိရပါတယ်။ လှိုင်သာယာစက်မှုဇုန်အတွင်းမှာ စက်ရုံပေါင်း(၈၄၁)ရုံနဲ့ လုပ်သား အင်အား(၈)သောင်းခွဲနီးပါးခန့်ရှိတယ်လို့ သိရှိရပါတယ်။
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့