Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 September 2013

ထောင်ဒဏ် ၂၆နှစ် ချမှတ်ခံခဲ့ရသည့် ယူအက်စ်မှ ကလေးအကြမ်းဖက်သမား

အမေရိကန်ပြည်ထောင်စု ဘော်စတွန်ဒေသက အမျိုးသားတစ်ဦးဟာ ကလေးငယ်တွေကို ပြန်ပေးဆွဲ၊ အဓမ္မကျင့်ကာ သတ်ဖြတ်စားသောက်ဖို့
ကြံစည်မှုနဲ့ ထောင်ဒဏ် ၂၆နှစ်ကျော် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အသက် လေးဆယ်ရှိပြီဖြစ်တဲ့ ဗြိတိန်နိုင်ငံသား Geoffrey Portway ဟာ ကလေးအပြာကားများ ပိုင်ဆိုင်မှု၊ ဖြန့်ဝေမှုနဲ့ အကြမ်းဖက်မှု ကျူးလွန်စေဖို့ သွေးဆောင် ခဲ့မှုတွေ အပြင် အွန်လိုင်းမှ တစ်ဆင့် ကလေးငါးဦးရဲ့ ဓါတ်ပုံများကို ဖြန့်ဝေခဲ့မှုနဲ့ နစ်နာကြေးဒေါ်လာ သုံးထောင်ကိုလည်း ပေးဆောင်ခဲ့ရပါတယ်။


ပြီးခဲ့တဲ့နှစ်က Worcester ရှိ သူ၏နေအိမ်မှာ ကလေးအပြာကားများ၊ ဓါတ်ပုံများကို ရာထောင်ချီ ဖမ်းဆီးရမိခဲ့ပြီး သူ့အိမ်မြေအောက်ခန်းရှိ အသံလုံခန်းမှာ ကလေးတွေကို ဖမ်းဆီးဖို့ စီစဉ်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အခန်းမှာ သားသတ်ကိရိယာများ၊ ကာမသာယာမှုအတွက် တုပ်နှောင်တဲ့ကြိုးများ၊ အအေးခန်းသေတ္တာ နှစ်ခုတို့ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ပေါ့တ်ဝေးနဲ့ အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ခဲ့သူနှစ်ဦးကိုလည်း ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့