Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 September 2013

လုပ်ငန်းခွင်ဓလေ့များကို နိုင်ငံခြားသား လုပ်ငန်းရှင်များ လေးစားလိုက်နာရန် အလုပ်သမား ဒုဝန်ကြီး သတိပေး

 နိုင်ငံ ခြားသားလုပ်ငန်းရှင်များအနေ ဖြင့် ပြည်တွင်းမြန်မာလုပ်သား များအား ခိုင်းစေရာတွင် ယင်းတို့ ၏ အလုပ်ခွင်ဆိုင်ရာ ယဉ်ကျေး မှုဓလေ့များအား လေးစားလိုက် နာရန် အလုပ်သမား၊ အလုပ်အ ကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က သတိပေးပြောဆိုလိုက်သည်။

နိုင်ငံတကာ၏ စီးပွားရေး ဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားခြင်းများနှင့်အတူ အထူး အခွန်ကင်းလွတ်ခွင့်များကြောင့် အလုပ်အမှာစာများ ပိုမိုလက်ခံပြီး မိမိတို့အလုပ်သမားများ၏ လုပ် နိုင်စွမ်းများအား မချင့်ချိန်ဘဲ လုပ် ကိုင်ဆောင်ရွက်ချက်များကြောင့် အဓမ္မအလုပ်စေခိုင်းမှုများ မဖြစ် ပေါ်စေရန် ပြောဆိုရခြင်းဖြစ်သည် ဟု ဒုတိယဝန်ကြီးက စက်တင် ဘာ ရရက်တွင် လှိုင်သာယာစက်မှု ဇုန်တွင်ပြုလုပ်သော လုပ်ငန်းရှင် များနှင့် တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောသည်။

အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ''အခု နိုင်ငံခြားသားလုပ်ငန်းရှင် တွေတိုးတက်လာနေပြီဖြစ်တဲ့အ တွက် မေတ္တာရပ်ခံလိုတာက ဒီက မြန်မာနိုင်ငံသားအလုပ်သမား တွေရဲ့ ယဉ်ကျေးမှုဓလေ့ကို နား လည်ဖို့လိုတယ်။ အဲဒီလိုမှမဟုတ် ဘဲ အမှာစာတိုးရတယ်ဆိုပြီးအ ချိန်ပိုတွေ အတင်းဆင်းခိုင်းပြီးမကျေလည်မှုတွေဖြစ်လာရင် ဥပ ဒေအတိုင်း လုပ်ကိုင်သွားရမှာ'' ဟု ဆိုသည်။

ဒုတိယဝန်ကြီးက ပြည်တွင်း ရှိ နိုင်ငံခြားသားပိုင်လုပ်ငန်းများ တွင် လုပ်ကိုင်လျက်ရှိသော မန်နေ ဂျာများမှာလည်း မိမိတို့နိုင်ငံရှိ အလုပ်သမားများ၏ ဓလေ့စရိုက် များအား ယင်းနိုင်ငံခြားသားများ ကို အသိပေးပြောကြားရန် လို အပ်နေကြောင်း၊ မလိုအပ်သော အချိန်ပိုစေခိုင်းမှုနှင့် လုပ်ငန်းလို အပ်ချက်ကြောင့်ဟုဆိုကာ ညလုံး ပေါက် အလုပ်စေခိုင်းမှုများအား ရှောင်ရှား၍ သတ်မှတ်ထားသော ဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)ထုတ်ပြန်ချက် ၂၉နှင့် ဖွဲစည်းပုံ အခြေခံဥပဒေပုဒ်မ-၃၅၉ပါ ပြ ဋ္ဌာန်းချက်များအား လိုက်နာရန် လိုအပ်ကြောင်း ပြောသည်။

လှိုင်သာယာစက်မှုဇုန်စီမံ ခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြတ် သင်းအောင်က ''အီးယူက အခွန် ကင်းလွတ်ခွင့်လဲရနေပြီ။ အမေ ရိကန်အခွန်ကင်းလွတ်ခွင့်ကလဲ ပြောဆိုထားတာတွေ ရှိနေပြီဆို တဲ့အတွက် အထည်ချုပ်လုပ်ငန်း တွေ အတော်လေးဝင်လာတယ်။ အမှာစာတွေ နိုင်တာထက် ပိုပြီး လက်ခံမိလို့ အလုပ်သမားတွေ ကို အတင်းခိုင်းစေမယ်ဆိုရင် အ လုပ်ရှင်၊ အလုပ်သမားကြား မကျေ လည်မှုတွေ ဖြစ်လာနိုင်တယ်။ အ လုပ်ရှင်ဘက်ကလဲ အဆင်ပြေ ရင် အလုပ်သမားတွေကို ထိုက် သင့်တဲ့ခံစားခွင့်တွေကို မျှဝေဖို့ လဲ လိုအပ်တယ်။ နှစ်ဦးနှစ်ဖက် မျှပြီး ပူးပေါင်းလုပ်ကိုင်လို့ အကျိုး အမြတ်ပိုထွက်အောင် လုပ်ဖို့လို တယ်''ဟု ဆိုသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့