သဘာဝဘေးအန္တရာယ်မဖြစ်ပွားခင် ကြိုတင်ကာကွယ်ဖို့နဲ့ ဖြစ်ပွားပါက ဘယ်လိုနည်းနဲ့ ပြန်လည်ဆောင်ရွက်ရမယ်ဆိုတဲ့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့
အသိပညာဟာ ပြည်သူလူထု တွေကြားမှာ သိရှိမှုနည်းပါးနေသေးတယ်လ "သဘာဝဘေးအန္တရာယ်ကျရောက်မှုအပေါ် ချိတ်တွဲ ဆောင်ရွက်မှု" ခေါင်းစဉ်နဲ့ ပြုလုပ်လျက်ရှိတဲ့ အလုပ်ရုံဆွေးနွေးပွဲမှ သိရပါတယ်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကိုတော့ The Action Times Foundation က ကြီးမှုပြုလုပ်တာ ဖြစ်ပြီး စက်တင်ဘာလ(၇)ရက်၊ (၈)ရက်နဲ့ (၁၄)ရက်၊ (၁၅)ရက်တွေမှာ အမှတ်(၁၉၅၄) တပင်ရွှေထီး၊ လမ်းသွယ်(၁)လှိုင်သာယာမြို့နယ်မှာ ပြုလုပ်လျက်ရှိတာဖြစ်ပါတယ်။ အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက အခုလိုပဲပြောကြားခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ်ကြုံတွေ့ရမှုတွေဟာ ကမ္ဘာလူဦးရေ (၇၅)ရာခိုင်နှုန်းမှာ ကြုံတွေ့နေရပြီး ပြည်တွင်းလည်း သဘာဝဘေးအန္တရာယ်ကြုံတွေ့ရမှုတွေကို စစ်တမ်းကောက်ယူမှုတွေ မပြုလုပ်ရသေး ပေမယ့် ကမ်းရိုးတန်းဒေသတွေကတော့ သဘာဝဘေးအန္တရာယ် အများဆုံးခံစား နေရတယ်လို့ သိရပါတယ်။

No comments:
Post a Comment