Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

ယာဉ်တိုက်မှု ကြောင့် လ၀က်အတွင်း လမ်းဖြတ်ကူးသူ ၃ဦးသေ ၆ ဦး ဒဏ်ရာရ



ယခုလ၀က် အတွင်း ခရီးသည်တင်ယာဉ်မှ လမ်းဖြတ်ကူးသူအား တိုက်မ မှုကြောင့် ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မထသ ( ဗဟို ) စည်းကမ်းထိန်းသိမ်းရေး ဌာနမှ သိရသည်။

စက်တင်ဘာ ( ၁ )ရက်မှ ( ၁၅ )ရက်အတွင်း ခရီးသည်တင်ယာဉ်တိုက်မှု ၊ တိမ်းမှောက်မှု နှင့် ယာဉ်မတော်တဆမှု ဖြစ်စဉ် ၉ မှု ရှိပြီး ၄င်းအနက် ခရီးသည်တင်ယာဉ်မှ လမ်းဖြတ်ကူးသူ အားတိုက်မိမှု ၅ မှု ဖြစ်ပွားခဲ့ကြောင်း မထသ ( ဗဟို ) မှ သိရသည်။

၎င်းဖြစ်စဉ်များနှင့်ပတ်သတ်၍ မထသ ( ဗဟို ) စည်းကမ်း ထိန်းသိမ်းရေး ဌာန မှ ဌာနမှူး ဦးကာကျော်က "လမ်းကူးသူ နဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်တွေ ပြန်ကြည့်ရင် စနစ်တကျ ကူးရင် ရှောင်လွှဲလို့ရတဲ့ ကိစ္စပါ ။အဲ့ဒီလိုဆို ရင် သေမယ့် သုံးဦးလည်းမသေဘူး ။ ဘယ်လောက်ပဲ ကားက မဆင် မခြင်မောင်းမောင်း လမ်းဖြတ်ကူးတဲ့ သူက စိတ်ချရတဲ့ အချိန်ကူးရင် တိုက်စရာအကြောင်းလည်းမရှိဘူး" ဟု သုံးသပ်ပြောသည်။

လမ်းဖြတ်ကူးသည့်အချိန်တွင် ဘယ်ကြည့် ၊ ညာကြည့် ၊ ဘယ်ပြန်ကြည့် ၊ ညာပြန်ကြည့် သည့် စနစ်ဖြင့် လမ်းဖြတ်ကူးသင့် ပြီးလမ်းအသိပညာ ရှိရန်လည်း လိုအပ်ကြောင်း မထသ ( ဗဟို )မှ အတွင်းရေးမှူး ဦးဘမြင့်က ပြောသည်။

လမ်းဖြတ်ကူးသူများအား တိုက်မိသော ယာဉ်များအား သက်ဆိုင်ရာ နယ်မြေ ယာဉ်ထိန်းရဲ မှ အမှုဖွင့် အရေးယူထားကြောင်း စည်းကမ်း ထိန်းသိမ်းရေး ဌာနမှ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့