Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

မွေးမြူရေးငါး ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဈေးကွက် ခိုင်မာရေး စီမံကိန်းအား ၃ နှစ် စီမံကိန်းဖြင့် ဆောင်ရွက် သွားရန်ရှိ

  မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်း မွေးမြူရေး ငါးကဏ္ဍ ဖွံ့ဖြိုး
တိုးတက်ရေးနဲ့ ဈေးကွက် ခိုင်မာမှု ရရှိစေရေး အတွက် ၃ နှစ် စီမံကိန်း ရေးဆွဲကာ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စီမံကိန်း အတွက် ကိုတော့ သက်ဆိုင်ရာ Working Group များအလိုက် ဆောင်ရွက် ချက်များကို သုံးသပ်ကာ ဆောင်ရွက် သွားမှာဖြစ်ပြီး အမေရိကန် ဒေါ်လာ ၂၁၂ မီလီယံခန့် အသုံးပြု သွားမှာ ဖြစ်ပါတယ်။
 
မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန အနေနဲ့ ပြည်တွင်းရဲ့ အသားငါး ကဏ္ဍမှာ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိစေရေး အဓိကထား ဆောင်ရွက်နေ သလို ပြည်နယ်နဲ့ တိုင်းဒေသကြီးများ အလိုက် အစားအသောက် ဘေးကင်း လုံခြုံမှုရှိစေရေး Food Safety Center ဓာတ်ခွဲခန်းများ ဖွင့်လှစ်နိုင်ဖို့ အတွက်လည်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါဝန်ကြီးဌာန အနေနဲ့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ အတွက် တစ်နှစ်ကို ပျမ်းမျှ အနေနဲ့ အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော်ခန့် ရှာဖွေပေး နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မွေးမြူရေးနဲ့ ရေလုပ်ငန်း ကဏ္ဍဟာ တိုးတက် ဖွံ့ဖြိုးမှု ကောင်းမွန် လာနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် လာမယ့် Asean Free Trade Area(AFTA) မှာလည်း နိုင်ငံတကာမှ လုပ်ငန်းရှင် များနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်မှုများ ရှိသလို Public Private Partnership(PPP) နည်းလမ်းများ အသုံးပြုကာ မွေးမြူရေး နယ်ပယ် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့