Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 17 September 2013

ဘင်္ဂလာဒေခ်ျ့တွင် ဂျာမတ် ပါတီ ခေါင်းဆောင် တစ်ဦး သေဒဏ်ချမှတ် ခံရပြီးနောက် အကြမ်းဖက် ဆူပူမူ ဖြစ်ပွား

ယမန်နေ့က ယခုလို တိုက်ခိုက်မီးရှို့မူများ ဘင်္ဂလာဒေခ်ျ့က မြို့ကြီး အတော်များများမှာ ဖြစ်ပွားခဲ့သည်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ မနေ့က  ဂျာမတ် အစ္စလာမ်မီယာ ပါတီမှ နံပတ် (၄) အဆင့်ရှိတဲ့ ခေါင်းဆောင်တစ်ဦးကို သေဒဏ်ချမှတ်ခဲ့တဲ့အတွက် ဒက္ကားနဲ့ စစ်တကောင်း မြို့တွေ အပါအ၀င် မြို့ကြီး တချို့မှာ အကြမ်းဖက် ဆူပူမူတွေ ဖြစ်ပွားခဲ့ပါတယ်။

သေဒဏ် ချမှတ်ခံရသူဟာ အသက် (၆၅) နှစ်ရှိပြီ ဖြစ်တဲ့ ဂျာမတ် အီး အစ္စလာမ်မီယာပါတီက တွဲဘက် အတွင်းရေးမှူး အာဘာဒူလ် ကွာဒါ မူလာ ဆိုသူ ဖြစ်ပါတယ်။

သူ့ကို ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး စစ်ပွဲအတွင်း ပါကိစ္စတန် စစ်သားတွေနဲ့ ပူးပေါင်းပြီး လူသားမျိုးနွယ်တွေ အပေါ် ရာဇ၀တ်မူတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံရဲ့ အဆင့်မြင့်ဆုံး တရားရုံးချုပ် (Supreme Court) ကနေ သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

သူ့ကို စွဲဆိုတဲ့ အမူ (၆) မူအထဲမှာ အမူ (၅)မူဟာ ပြစ်မူ မြောက်တယ်ဆိုပြီး (၅) ဦးပါ ဂျူရီ တရားသူကြီး အဖွဲ့က ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

သူသေဒဏ်ချမှတ်ခံခဲ့ရတဲ့ အမူကတော့ ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး တိုက်ပွဲ စတင်တဲ့ ၁၉၇၁ ခုနှစ် မတ် ၂၆ ရက်နေ့မှာ ဒက္ကားမြို့ မီပူရ် ၁၂ ရပ်ကွက်က အသက် (၂) နှစ်သားအရွယ် ကလေး တစ်ဦး အပါအ၀င် (၅) ဦးပါ မိသားစု တစ်ခုကို သတ်ဖြတ်ခဲ့တဲ့ အတွက် ဖြစ်တယ်လို့ The Daily Star သတင်းစာက ဖေါ်ပြပါတယ်။

တခြားအမူတွေထဲမှာတော့ ထောင် တစ်သက် ချမှတ်ခံရတဲ့ အမူ (၂) ခု ပါဝင်ပါတယ်။

သူ့ကို  ဒီနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့က လက်ရှိ ဘင်္ဂလာဒေခ်ျ့ အစိုးရကနေ ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတကာ  ရာဇ၀တ်ခုံရုံး အမှတ် (၂) ကနေ ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ပေးထားတာ ဖြစ်ပါတယ်။ ဒါကို ဘင်္ဂလာဒေခ်ျ့ အဆင့်မြင့်ဆုံး တရားရုံးကနေ ပြန်လည် ပြင်ဆင် ပြောင်းလဲပြီး ထောင်တစ်သက်ကနေ  သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အဲသလို သေဒဏ်ချမှတ်ပြီးတဲ့နောက်မှာ သူ့ကို ထောက်ခံတဲ့ ဂျာမတ် အီး အိစ္စလာမ်မီယာ ပါတီ အဖွဲ့ဝင်တွေနဲ့ အဲဒီ ပါတီရဲ့ လက်အောက်ခံ ကျောင်းသားအဖွဲ့ ချီဘီယာ အဖွဲ့ဝင်တွေက လမ်းပေါ်သွားလာနေတဲ့ ကားတွေနဲ့ လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်လုပ်ဗုံးတွေ၊ ဓါတ်ဆီ ပုလင်းတွေ နဲ့ တိုက်ခိုက်ခဲ့သလို လမ်းဘေးက ဈေးဆိုင်တွေကိုလည်း မီးရှို့ တိုက်ခိုက်ခဲ့ပါတယ်။

ဒါကြောင့် မြို့ကြီး တချို့က လမ်းတွေပေါ်မှာ မီးဟုန်းဟုန်း တောက်လောင်ခဲ့ပြီး ထိန်းမနိုင်သိမ်းမရတဲ့ အခြေအနေ မျိုးကို ရောက်ရှိခဲ့ရပါတယ်။ဈေးဆိုင်တွေ၊ ကျောင်းတွေကိုလည်း ချက်ချင်းပိတ်ပစ်ခဲ့ရပြီး တချို့ ဆူပူမူ ဖြစ်ပွားခဲ့တဲ့ လမ်းတွေပေါ်မှာလည်း သွားလာသူ ကင်းမဲ့သွားခဲ့ရပါတယ်။

ဂျာမတ် အီး အိစ္စလာမ်မီယာ ပါတီကတော့ သူတို့ရဲ့ ခေါင်းဆောင်ကို ခုလို သေဒဏ်ပေးတဲ့ အပေါ် ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ စက်တင်္ဘာလ ၁၈ ရက်နဲ့ ၁၉ ရက်ကို အထွေထွေ သပိတ် ခေါ်ယူလိုက်တဲ့ အတွက် တစ်နိုင်ငံလုံး သယ်ယူပို့ဆောင်ရေးနဲ့ အသွားအလာတွေ ရပ်ဆိုင်းသွားပြီး ဈေးဆိုင်တွေ၊ စာသင်ကျောင်းတွေ၊ အစိုးရရုံးတွေ၊ ဆူပါ မာကပ်တွေပါ အကုန်လုံး ပိတ်ထားလိုက်ရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့