Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 7 September 2013

ရွှေဝါရောင်သံဃာတော်များ ဆွမ်းလောင်းလှူရန် တရားဝင်ပင့်လျှောက်ခွင့်မရ

ဓမ္မခွန်အားကျောင်းတိုက်အား တွေ့ရစဉ်။ ဓာတ်ပုံ - ငယ်ထွေး - Yangon Media Group ရန်ကုန် ၊ စက်တင်ဘာ ၆ ။      ။ သန်လျင် မြို့ရှိ ရွှေဝါရောင်တော်လှန်ရေး တွင်ပါဝင်လှုပ်ရှားခဲ့သော ကျောင်း တိုက်မှ သံဃာတော်များအားလုံး ကို ဆွမ်းလောင်းလှူခွင့်ပိတ်ပင် ထားကြောင်း ယင်းမြို့နယ်ဆွမ်း လောင်းအသင်းများမှ သိရ သည်။ သန်လျင်မြို့ မြို့ဟောင်းအနောက်ရပ်ကွက် ဓမ္မခွန်အား ကျောင်းတိုက်၌ သီတင်းသုံးနေ သော ၂ဝဝရခုနှစ် ရွှေဝါရောင်အ ရေးအခင်းတွင် ပါဝင်ခဲ့ကြသည့်  သံဃာများကို ဝါဆိုသံဃာစာရင်း ကောက်ယူခြင်းမရှိသည့်အပြင် အပတ်စဉ် ဆွမ်းလောင်း အသင်း များက ယင်းတို့ကိုဆွမ်းလောင်း လှူရန် တရားဝင်ပင့်ဖိတ်ခွင့်မရ ရှိကြောင်း သိရသည်။

အဆိုပါကျောင်းတိုက်တွင် သံဃာတော်ခြောက်ပါး သီတင်း သုံးနေခြင်းဖြစ်ပြီး သံဃာအားလုံး ဆွမ်းလှူဒါန်းမှုများ ပိတ်ပင်ခံထား ရခြင်းဖြစ်ကြောင်း သိရသည်။ ''ဦးဇင်းတို့ကို ဝါဆိုသံဃာ စာရင်း လာရောက်ကောက်ခံခြင်း မရှိတဲ့အပြင် ဝါဆို သံဃာစာရင်း မှာမပါလို့ဆိုပြီး မြို့ပေါ်မှာရှိတဲ့ ဆွမ်းလောင်းအသင်းတွေမှာပါ ဆွမ်းလောင်းလှူဖို့ တရားဝင်ပင့် ဖိတ်ခွင့်မရှိဘူးဆိုတာ ဒီနေ့မှသိ ရပါတယ်''ဟု ရွှေဝါရောင်အရေး အခင်းတွင်ပါဝင်ခဲ့သော ဆရာတော် ဦးပညာသီဟက မိန့်ကြား သည်။ ဆွမ်းလောင်းအသင်းမှတာ ဝန်ရှိသူများကပင့်ဖိတ်ရန် တင်ပြ သော်လည်း ရပ်ကျေးသံဃနာယက အဖွဲ့နှင့် ဆွမ်းလောင်းအသင်း၏ ဩဝါဒါစရိယဆရာတော်များက စည်းမျဉ်းစည်းကမ်းများနှင့် မကိုက် ညီဟု မိန့်ကြား ခဲ့ကြောင်း သိရ သည်။

''ဦးဇင်းတို့ ဒီဓမ္မခွန်အား ကျောင်းတိုက်ကို တိုင်းသံဃနာယ ကတောင်မှ ခွင့်ပြုချက် ပေး ထားတာပဲလေ။ ဒီကျောင်းမှာရှိ တဲ့သံဃာတွေကို သံဃာအဖြစ် မသတ်မှတ်ဘူး။ ဝါဆိုသံဃာ စာရင်းမှာ မထည့်ဘူးဆိုရင်တော့ အဲဒီစည်းကမ်းကရော ဘာလဲ လို့မေးချင်တယ်''ဟု ဦးဇဝန(ခ) ဦးဇင်းမုတ်ဆိတ်က ပြောသည်။ ယင်းနှင့်ပတ်သက်ပြီး သန် လျင်မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် တစ်ပါးက ''ဆွမ်းလောင်းမဖိတ်နဲ့ လို့တော့ စည်းကမ်းသတ်မှတ်ထား တာမျိုး မရှိပါဘူး။ သန်လျင်မြို့မှာ သံဃနာယကအဖွဲ့က ကျောင်း အဖြစ်မသတ်မှတ်သေးတဲ့ ကျောင်း လေးကျောင်းရှိတယ်။ အဲဒီကျောင်း တွေထဲမှာ ဓမ္မခွန်အားကျောင်း ပါတယ်။ ဆွမ်းလောင်းဖိတ် မဖိတ် ဆိုတာတော့ ဆွမ်းလောင်းအသင်း တွေရဲ့ ဩဝါဒါ စရိယဆရာတော် တွေက သူ့အသင်းနဲ့ သူသတ်မှတ် ထားတာရှိပါတယ်။ အဲဒါတွေတော့ ဘုန်းကြီးတို့မသိပါဘူး''ဟု မိန့် ကြားသည်။

''မင်းတို့ လှူချင်ရင်လှူ။ တရားဝင်တော့မပင့်နဲ့လို့ ဆွမ်း လောင်းအသင်းရဲ့ ဩဝါဒါစရိယ ဆရာတော်တစ်ပါးက မိန့်ကြား ပါတယ်''ဟု တနင်္ဂနွေဆွမ်းလောင်း ဓမ္မာရုံအသင်းတွင် ၂၅နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သော ဥက္ကဌ ဦးလှရွှေက ပြော သည်။ ''ဝိနည်းအရပြောမယ်ဆို ရင် ရပ်ကျေးသံဃနာယကက ပိတ် ပင်တယ်ဆိုတော့ အဲဒါဝိနည်းနဲ့ မညီဘူး။ ဝိနည်းထဲမှာက သံဃာ တစ်ပါးရဲ့ လာဘ်လာဘကို အခြား သံဃာတစ်ပါးက ပိတ်ပင်တယ် ဆိုရင် အာပတ်သင့်တယ်''ဟု ရွှေ ဝါရောင် ဆရာတော် ဦးဇဝန(ခ) ဦးဇင်းမုတ်ဆိတ်က မိန့်ကြား သည်။ ''ပုဂ်ဂိုလ်ရေးကိစ္စတွေကြောင့် ဒီလိုပြဿနာတွေဖြစ်နေတာပါ။ ဦးပညာသီဟတို့ကိုတော့ စိတ်မ ကောင်းဖြစ်မိပါတယ်။ လုပ်ပိုင်ခွင့် ရှိတဲ့တခိျု့တွေက လုပ်နေတာလို့ပဲ မြင်ပါ တယ်''ဟု အမည်မဖော်လိုသူ သန်လျင်မြို့နယ် သံဃနာယကအ ဖွဲ့ အကျိုးတော်ဆောင်ဟောင်း ဆရာတော်တစ်ပါးက မိန့်ကြား သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့