Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 19 September 2013

၈ လတာ ကာလအတွင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့နှင့် မထသ ဗဟိုမှ ခရီးသည်တင်ယာဉ် အစီးရေပေါင်း ၅ သောင်းကျော် စစ်ဆေးခဲ့

  ရန်ကုန်တိုင်း ဒေသကြီးမှာ ၈ လတာ ကာလ အတွင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့နှင့် မထသ ဗဟိုမှ ခရီးသည်တင် ယာဉ်အစီးရေပေါင်း ၅ သောင်း ကျော်ကို စစ်ဆေး
ခဲ့တယ်လို့ စက်တင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မထသ (ဗဟို) အစည်းအဝေးမှ သိရပါတယ်။ ယာဉ်ထိန်းရဲ တပ်ဖွဲ့နဲ့ မထသ(ဗဟို) တို့မှ ခရီးသည်တင်ယာဉ် အစီးရေပေါင်း ငါးသောင်းကျော် စစ်ဆေးခဲ့ရာမှာ ယာဉ်စီးရေပေါင်း ၄၄၀၅ စီးဟာ သတ်မှတ် စည်းကမ်း အတိုင်း မောင်းနှင်ခြင်း မရှိဘူးလို့ သိရပါတယ်။
 
ဒီလို သတ်မှတ် စည်းကမ်း အတိုင်း မောင်းနှင်မှု မရှိတဲ့ ခရီးသည်တင် ယာဉ်စီးရေ ၄၄၀၅ စီးကို စစ်ဆေး အရေးယူပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်း မှာလည်း ယာဉ်စစ်ဆေးရေး အဖွဲ့ ၁၆ဖွဲ့က ၉ ကြိမ် စစ်ဆေးခဲ့ရာမှာ ပြစ်မှုပေါင်း ၉၁၈ မှုကို သတ်မှတ် စည်းကမ်းချက် ၁၃၈ ချက်နဲ့အညီ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ် ထားတယ်လို့ သိရပါတယ်။ ဒ့ါအပြင် အခုလို တိုင်ကြားမှုများကို ဖြေရှင်းဖို့ အတွက် ယာဉ်မောင်းများ မလာရောက်ပါက အလုပ်ထုတ်ပယ်ခြင်း ခံရမှာ ဖြစ်ပါတယ်။
 
ဒီလို စည်းကမ်း ဖောက်ဖျက်မှုတွေ လျော့နည်းအောင် မထသ (ဗဟို)မှလည်း တစ်ဖက် တစ်လှမ်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ဟောပြောမှုများ ပြုလုပ်ပေး သလို တစ်ဖက်မှလည်း အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေး နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုလို ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး လိုက်နာရန် ပို့ချပေးတဲ့ သင်တန်း ၂ ခုပေါင်းမှာ ယာဉ်မောင်းနဲ့ ယာဉ်လုပ်သား ဦးရေမှာ ၄၇၉၁ ယောက်ကို ပို့ချခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့