Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 September 2013

» မြိတ်မြို့ မှာ သေနတ်နှင့် ကျည်ဆံများ တွေ့ရှိ

 ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့ နံနက် (၆)နာရီ ခွဲ ကျော် အချိန်ခန့်တွင် မြိတ်မြို့ မြိတ်တောင် ရပ်ကွက် ၊ မြို့သစ်(၁)ရပ် ၊ ရွှေနှင်းဆီလမ်းနေ ဦးဝယ်၏ သား မောင်စိုးနိုင် အသက် (၁၆)နှစ်သည် မြိတ်မြို့ နောက်လယ်ရပ်နှင့် မြိတ်တောင်နယ်မြေ ရေနံမြေရပ် ဘုရားကိုင်ချောင်းကူး နောက်လယ် (၆)လမ်း တံတားအောက်၌ နောက်လယ်ဘက်ကမ်း ဘုရားကိုင် ချောင်းအတွင်း ရေကျချိန် ပလပ်စတစ် အဟောင်းများ လိုက်လံ ရှာဖွေရာ၌ ပလပ်စတစ်အိတ် အဟောင်း ဖြင့် ပတ်ထားသော အထုပ်တစ်ထုတ်အား တွေ့ရှိကောက်ယူစဉ် ကျည်ဘောက်နှင့် သေနတ် အပိုင်းအစအား တွေ့ရှိ ခဲ့ရာ သက်ဆိုင်ရာ ရာအိမ်မှူး ၊ အုပ်ချုပ်ရေးမှူးထံ သတင်းပို့ခဲ့ချက်အရ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ က ရှာဖွေတွေ့ရှိ ရာနေရာသို့ သွားရောက်စစ် ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးခဲ့ရာ ပလပ်စတစ်အိတ်ဖြင့် ရစ်ပတ်ထားသော ဘီအေ(၆၃)မောင်းပြန်ရိုင်ဖယ် G3 ဒင်မပါ ကိုယ်ထည်(၁)ခု (မောင်းတုံးစပရင်ပါ)၊ ကျည်ဘောက်(၆)ခု၊ ကျည်(၂၈)တောင့်၊ ကာဘိုင်ကျည်ဘောက်(၁)ခု၊ G3 သေနတ်အပစ် လက်ကိုင်(၁)ခု၊ သေနတ် ဒင်ပိတ်(၁)ခု၊ ပလပ်စတစ် အိတ် အဟောင်းဖြင့် သီးခြား ထုပ် ထား သော (၉မမ)ကျည် အတောင့်(၂၀)တို့အား စစ်ဆေးတွေ့ရှိခဲ့ရကြောင်း နှင့် ထို လက်နက်နှင့် ဆက်စပ် ပစ္စည်းများအား စုံစမ်းစစ်ဆေးနိုင်ရန်အတွက် အမှတ်(၃၄၂) စက်လက်နက် ပစ္စည်းတပ်သို့ ပို့အပ်ထားကြောင်း သတင်းရရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့