Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 12 September 2013

ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်းတွင် ကေဘယ်ကားပြေးဆွဲရန် ဂျပန်နှင့် ဆွေးနွေး

ကျိုက်ထီးရိုးစေတီတော်ကို ဖူးမြော်ကြည်ညိုနေသည့် မြင်ကွင်း။ ဓာတ်ပုံ - အေအက်ဖ်ပီ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင်ကျိုက်ထီးရိုးစေတီတော် တောင် တက် လမ်းတွင် သက်ကြီး ရွယ်အိုဘုရားဖူးများ သွားလာရေး လွယ်ကူရန် အတွက် Cable Car ပြေးဆွဲနိုင်ရန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဂျပန်နိုင်ငံ Asia Africa Cooperation Environment Center (ACEC) Myanmar INGO အသင်းဥက္ကဋ္ဌ Mr. Mitsuru Suzuki နှင့်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက် နံနက် ၁ဝနာရီက မွန်ပြည် နယ်အစိုးရအဖွဲ့ရုံးခန်းမ၌ မွန် ပြည်နယ် အစိုးရ အဖွဲ့ဝင် ဗမာ တိုင်းရင်းသားရေးရာဝန်ကြီးဦး သက်ဝင်း၊ စည်ပင် သာယာဝန် ကြီး ဒေါက်တာတိုးတိုး အောင်၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဦးဝင်းမော်ဦးနှင့် အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးဇော်လင်း ထွန်းတို့နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ACEC အ သင်းဥက္ကဋ္ဌက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး စေတီတော်တောင်တက်လမ်း တွင် Cable Car တပ်ဆင်ပြေး ဆွဲရေးနှင့် မော်လမြိုင်မြို့အတွက် အဆင့်မြင့်သောက်သုံးရေရရှိ ရေးကို ဂျပန် အထူးချေး ငွေဖြင့် ဆောင်ရွက်ရေး ကိစ္စများကို တင် ပြဆွေးနွေးရာ မွန်ပြည်နယ် အ စိုးရအဖွဲ့ဝင်ဝန်ကြီးများက ကျိုက် ထီးရိုးတောင် တက်လမ်းတွင် Cable Car တပ်ဆင်ပြေးဆွဲရေး လုပ်ငန်းအတွက် သက်ဆိုင်ရာ နေရာသို့သွားရောက်ကာ ကွင်း ဆင်း လေ့လာ ပြီး လုပ်ငန်းဆောင် ရွက်မည့်နေရာအနေအထားများ ကို စနစ်တကျလေ့လာပြီး မွန် ပြည်နယ်အစိုးရအဖွဲ့သို့ ပြန်လည် တင်ပြရန် မွန်ပြည်နယ်အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရသို့ တင်ပြ ပေး မည်ဖြစ်ကြောင်း၊ မော် လမြိုင် မြို့အတွက် အဆင့်မြင့်သောက် သုံးရေရရှိရေးလုပ်ငန်းအတွက် ဂျပန်အထူးချေးငွေရရှိမည်ဆို ၍ ကျေးဇူးတင်ရှိပါကြောင်း၊ အမြန် ဆောင်ရွက်ပေးစေလိုကြောင်း၊ သဘောတူညီပါကြောင်းများကို ပြန်လည်ပြောကြားခဲ့ကြောင်း သိ ရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့